ရှင်လုကာခရစ်ဝင် 15:10 - Judson Bible in Zawgyi Version10 ထိုနည်းတူ ငါဆိုသည်ကား၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် နောင်တရသော လူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်10 ထိုနည်းတူ နောင်တရသောအပြစ်သားတစ်ဦးအတွက် ဘုရားသခင်၏ကောင်းကင်တမန်များထဲတွင်ဝမ်းမြောက်ခြင်းရှိ၏ဟု သင်တို့အား ငါဆို၏”ဟူ၍ မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version10 ထိုနည်းတူစွာဘုရားသခင်၏ကောင်းကင်တမန် များသည် အပြစ်ကူးသူတစ်ယောက်နောင်တရ ခြင်းအတွက်ရွှင်လန်းဝမ်းမြောက်ကြသည်ဟု ငါဆို၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ ဆိုးသောသူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည် မဟုတ်။ ဆိုးသောသူသည် မိမိဆိုးသောလမ်းမှလွှဲ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက်၏။ အို ဣသရေလအမျိုးသားတို့၊ သင်တို့လိုက်သော လမ်းဆိုးမှ လွှဲကြလော့။ လွှဲကြလော့။ အဘယ်ကြောင့် အသေခံလိုကြသနည်း။