Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 12:30 - Judson Bible in Zawgyi Version

30 ထို​အ​ရာ​များ​ကို လော​ကီ​သား​အ​မျိုး​မျိုး​တို့​သည် ရှာ​ဖွေ​တတ်​ကြ၏။ ထို​အ​ရာ​များ​ကို သင်​တို့​သည် အ​သုံး​လို​ကြောင်း​ကို သင်​တို့​အ​ဘ သိ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

30 အကြောင်းမူကား ဤ​လောက​ရှိ လူမျိုးခြား​အပေါင်း​တို့​သည် ဤ​အရာ​များ​ကို ကြိုးစား​ရှာဖွေ​တတ်​ကြ​၏။ သို့သော် သင်​တို့​အဖ​သည် ဤ​အရာ​များ​ကို သင်​တို့​လိုအပ်​ကြောင်း သိ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

30 ထို​အ​ရာ​များ​ကို​ကမ္ဘာ​ပေါ်​ရှိ​ဘု​ရား​သ​ခင် ကို​မ​ယုံ​ကြည်​သူ​တို့​သည်​ရှာ​ဖွေ​တတ်​ကြ ၏။ ထို​အ​ရာ​များ​ကို​သင်​တို့​လို​ကြောင်း​ကို သင်​တို့​အ​ဖ​သိ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 12:30
13 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ သင်​တို့ အ​လို​အ​လျောက် ပြော​ကြ​သည်​မ​ဟုတ်။ သင်​တို့​အ​ဘ၏ ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ဖြင့် ပြော​တော်​မူ၏။-


ထို​နည်း​တူ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် ဤ​သူ​ငယ်​တစ်​ယောက်​ကို​မျှ ပျက်​စီး​စေ​ခြင်း​ငှာ အ​လို​တော်​မ​ရှိ။


အ​ဆွေ​အ​မျိုး​တို့​အား​သာ လော​က​ဝတ်​ပြု​လျှင် အ​ဘယ်​သို့ ထူး​မြတ်​သ​နည်း။ သာ​သ​နာ​ပ​လူ တို့​ပင် ထို​အ​တူ ပြု​ကြ​သည်​မ​ဟုတ်​လော။-


လူ​များ​တို့ မြင်​စေ​ခြင်း​ငှာ ကိုယ်​သီ​လ​အ​ကျင့်​ကို သူ့​ရှေ့​မှောက်၌ မ​ကျင့်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ သို့​မ​ဟုတ် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​ထံ​မှ အ​ကျိုး​ကို​မ​ခံ​မ​ရ​ကြ။-


ထို​အ​ရာ​များ​ကို သင်​တို့​သည် အ​သုံး​လို​ကြောင်း​ကို ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သိ​တော်​မူ၏။-


ထို​သူ​တို့​နည်း​တူ မ​ပြု​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်​တို့ အ​လို​ရှိ​သ​မျှ​တို့​ကို သင်​တို့​မ​တောင်း​မီ သင်​တို့ အ​ဘ​သိ​တော်​မူ၏။-


ထို​ကြောင့် အ​ဘယ်​သို့ စား​ရ​အံ့​နည်း။ အ​ဘယ်​သို့ သောက်​ရ​အံ့​နည်း​ဟူ၍ မ​ရှာ​ဖွေ​ကြ​နှင့်။ သော​က​မွှေ​နှောက်​ခြင်း​လည်း မ​ရှိ​ကြ​နှင့်။-


သင်​တို့​မူ​ကား ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို ရှာ​ကြ​လော့။ နောက်​မှ ထို​အ​ရာ​များ​ကို ထပ်၍ ပေး​တော်​မူ​လ​တ္တံ့။


သိုး​စု​ငယ်၊ သင်​တို့​သည် မ​ကြောက်​ကြ​နှင့်။ သင်​တို့​အ​ဘ​သည် သင်​တို့​အား နိုင်​ငံ​ကို​ပေး​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ ငါ့​ကို​မ​ဖက်​နှင့်​ဦး။ ငါ​သည် ငါ့​ခ​မည်း​တော်​ထံ​သို့ မ​တက်​ရ​သေး။ ငါ့​ညီ​တို့​ရှိ​ရာ​သို့ သွား​လော့။ ငါ၏​ခ​မည်း​တော်​တည်း​ဟူ​သော သင်​တို့၏​ခ​မည်း​တော်၊ ငါ၏​ဘု​ရား​သ​ခင်​တည်း​ဟူ​သော သင်​တို့၏ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ငါ​တက်​ရ​မည်​အ​ကြောင်း​အ​ရာ​ကို ကြား​ပြော​လော့​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊-


ထို​ကြောင့် ကြွင်း​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် လျှပ်​ပေါ်​သော​စိတ်​နှင့် ကျင့်​သည်​နည်း​တူ၊ သင်​တို့​သည် နောက်​တစ်​ဖန် မ​ကျင့်​မည်​အ​ကြောင်း သ​ခင်​ဘု​ရား​အ​ခွင့်​နှင့် ငါ​မှာ​လိုက်၏။-


သင်​တို့​အ​ပေါင်း​သည် သန့်​ရှင်း​ခြင်း၊ အ​သ​ရေ​တင့်​တယ်​ခြင်း​နှင့် မိ​မိ​ကိုယ်​ကို​မိ​မိ ထိန်း​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ