Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 11:17 - Judson Bible in Zawgyi Version

17 ထို​သူ​တို့၏​စိတ်​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ တိုင်း​နိုင်​ငံ​မည်​သည်​ကား၊ မိ​မိ​နှင့်​မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် ပျက်​စီး​ခြင်း​သို့​ရောက်​လိမ့်​မည်၊ အိမ်​မည်​သည်​ကား၊ မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် လဲ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 သို့သော် ကိုယ်တော်​သည် သူ​တို့​၏​စိတ်​သဘော​များ​ကို သိမြင်​တော်မူ​သဖြင့်“မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​နေ​သော​နိုင်ငံ​တိုင်း​သည် လုံးလုံး​ပျက်စီး​သွား​မည်​။ မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​နေ​သော​အိမ်​သည်​လည်း ပြိုလဲ​သွား​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 ကိုယ်​တော်​သည်​ထို​သူ​တို့​၏​အ​ကြံ​အ​စည်​ကို သိ​တော်​မူ​သ​ဖြင့် ``တိုင်း​နိုင်​ငံ​တစ်​ခု​တွင်​လူ တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ​လျှင် ထို​နိုင်​ငံ​သည် မ​ကြာ​မီ​ပျက်​စီး​မည်​သာ​ဖြစ်​၏။ အိမ်​ထောင်​တစ် ခု​တွင်​အိမ်​သူ​အိမ်​သား​တို့​စိတ်​ဝမ်း​ကွဲ​ပြား လျက်​နေ​လျှင် ထို​အိမ်​ထောင်​သည်​ပျက်​စီး မည်​သာ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 11:17
9 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​သည် ထို​သူ​တို့၏​စိတ်​ကို သိ​မြင်​တော်​မူ​လျှင်၊ သင်​တို့​သည် အ​ဘယ်​ကြောင့် ငြူ​စူ​သော​စိတ် ရှိ​ကြ​သ​နည်း။-


လူ၏​အ​ထဲ၌​ရှိ​သ​မျှ​ကို သိ​တော်​မူ​သော​ကြောင့်၊ လူ၏​အ​ကြောင်း​ကို သက်​သေ​ခံ​စေ​ခြင်း​ငှာ အ​ဘယ်​သူ​ကို​မျှ အ​လို​တော်​မ​ရှိ။


သူ၏​သား​သ​မီး​တို့​ကို​လည်း အ​သေ​သတ်​မည်။ ငါ​သည် နှ​လုံး​ကျောက်​ကပ်​ကို စစ်​ဆေး​တော်​မူ​သော သူ​ဖြစ်​ကြောင်း​ကို ထို​သို့​သော​အား​ဖြင့် ခပ်​သိမ်း​သော အ​သင်း​တော်​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ သင်​တို့​သည် အ​သီး​အ​သီး​ကျင့်​သော အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ငါ​ပေး​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ