Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 10:9 - Judson Bible in Zawgyi Version

9 လူ​နာ​များ​ကို ချမ်း​သာ​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် သင်​တို့၌ တည်​ထောင်​သော အ​ချိန်​နီး​ပြီ​ဟု သူ​တို့​အား ဟော​ပြော​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ထို​မြို့​ရှိ နာမကျန်း​ဖြစ်​သူ​များ​ကို​ကျန်းမာ​စေ​၍ ‘ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​၌​ပေါ်ထွန်း​လုနီး​ပြီ’​ဟု သူ​တို့​အား ဟောပြော​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ထို​မြို့​ရှိ​သူ​နာ​များ​ကို​ရော​ဂါ​ပျောက်​ကင်း​စေ ကြ​လော့။ ထို​နောက်​သူ​တို့​တွင်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​တည်​ချိန်​နီး​ပြီ​ဖြစ်​ကြောင်း​ပြော ကြား​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 10:9
15 ပူးပေါင်းရင်းမြစ်များ  

လက်​နှင့်​မ​ထု​မ​လုပ်​ဘဲ ကျောက်​တစ်​လုံး​သည် တောင်​ပေါ်​က အ​လို​လို​ပဲ့​ကွာ၍၊


ထို​ကြောင့် နောင်​တ​ရ​ကြ​လော့​ဟု ယု​ဒ​တော၌ ဟော​လေ၏။


ထို​အ​ခါ​မှ​စ၍ ယေ​ရှု​က၊ နောင်​တ​ရ​ကြ​လော့။ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ ဟူ​သော တ​ရား​ကို ဟော​စ​ပြု​တော်​မူ၏။-


ထို​မှ​တစ်​ပါး ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို အ​ဘယ်​သို့ ပုံ​ပြ​ရ​အံ့​နည်း။ အ​ဘယ်​ဥ​ပ​မာ​နှင့် ခိုင်း​နှိုင်း​ရ​အံ့​နည်း​ဟူ​မူ​ကား၊-


နတ်​ဆိုး​များ​ကို နှင်​ထုတ်​ကြ၏။ မ​ကျန်း​မ​မာ​သော သူ​များ​တို့​ကို ဆီ​နှင့်​လူး၍ အ​နာ​ကို ငြိမ်း​စေ​ကြ၏။


အ​ကြင်​မြို့​သို့​ဝင်၍ မြို့​သား​တို့​သည် လက်​မ​ခံ​အံ့၊ ထို​မြို့၏​လမ်း​သို့ ထွက်​ပြီး​လျှင်၊ ငါ​တို့၌​ကပ်​သော သင်​တို့​မြို့၏ မြေ​မှုန့်​ကို ငါ​တို့​ခါ​လိုက်၏။-


သို့​သော်​လည်း ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် သင်​တို့၏​အ​နီး​သို့​ရောက်​ကြောင်း​ကို သိ​မှတ်​ကြ​ဟု သူ​တို့​အား​ပြော​ကြ​လော့။-


ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို ဟော​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​နာ​တို့​ကို ချမ်း​သာ​စေ​ခြင်း​ငှာ​လည်း​ကောင်း စေ​လွှတ်​တော်​မူ၍၊-


ယေ​ရှု​က၊ ဒု​တိ​ယ​မွေး​ခြင်း​ကို မ​ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မ​မြင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို​သည်​ဟု ပြန်၍​မိန့်​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ ရေ​နှင့် ဝိ​ညာဉ်​တော် မ​မွေး​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို၏။-


ထို​ကြောင့် ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ပေး​လိုက်​သည်​ဖြစ်၍၊ သူ​တို့​သည်​နား​ထောင်​မည်​အ​ရာ​ကို သင်​တို့ သိ​မှတ်​ကြ​လော့​ဟု၊-


အ​ဘယ်​သူ​မျှ​မ​မြစ်​တား​ဘဲ၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို အ​တည့်​အ​လင်း​ဟော​ပြော၍၊ သ​ခင်​ယေ​ရှု​ခ​ရစ်၏ အ​ကြောင်း​များ​ကို သွန်​သင်​ပြ​သ​လျက်​နေ၏။ ရှင်​လု​ကာ​စီ​ရင်​ရေး​ထား​သော​တ​မန်​တော်​ဝ​တ္ထု​ပြီး၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ