Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 10:5 - Judson Bible in Zawgyi Version

5 မည်​သည့်​အိမ်​သို့ ဝင်​သော​အ​ခါ၊ ဤ​အိမ်၌ မင်္ဂ​လာ​ဖြစ်​ပါ​စေ​သော​ဟု ရှေ့​ဦး​စွာ​ပြော​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 မည်သည့်​အိမ်​သို့​မဆို သင်​တို့​ဝင်​ကြ​သောအခါ ‘ဤ​အိမ်​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေ’​ဟူ၍ ဦးစွာ​နှုတ်ဆက်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 သင်​တို့​မည်​သည့်​အိမ်​သို့​မ​ဆို​ဝင်​သော​အ​ခါ ``ဤ အိမ်​၌​ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ'' ဟု​ဦး​စွာ​မေတ္တာ ပို့​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 10:5
9 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် နှုတ်​ခမ်း​အ​သီး​ကို ဖန်​ဆင်း၏။ ဝေး​သော​သူ၌​လည်း​ကောင်း၊ နီး​သော​သူ၌​လည်း​ကောင်း ငြိမ်​သက်​ခြင်း​ဖြစ်​စေ၊ ငြိမ်​သက်​ခြင်း​ဖြစ်​စေ၊ သူ၏​အ​နာ​ကို ငါ​ပျောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


ငွေ​အိတ်၊ လွယ်​အိတ်၊ ခြေ​နင်း​တို့​ကို မ​ဆောင်​ကြ​နှင့်။ လမ်း၌​သွား​စဉ်​တွင် အ​ဘယ်​သူ​ကို​မျှ နှုတ်​မ​ဆက်​ကြ​နှင့်။-


ထို​အိမ်၌ မင်္ဂ​လာ​သား​ရှိ​လျှင်၊ သင်​တို့​မြွက်​သော မင်္ဂ​လာ​သည် တည်​လိမ့်​မည်။-


ယေ​ရှု​က​လည်း၊ ဤ​သူ​သည် အာ​ဗြ​ဟံ၏​သား ဖြစ်​သည်​နှင့်​အ​လျောက်၊ ယ​နေ့​ပင် ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​သည် ဤ​အိမ်​အ​ပေါ်​မှာ သက်​ရောက်​လေ၏။-


အ​လုံး​စုံ​တို့​ကို အ​စိုး​ရ​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ရန်​ငြိမ်း​ခြင်း​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ​လျက်၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ပေး​လိုက်​တော်​မူ​သော တ​ရား​တော်​နှင့်​အ​ညီ၊-


ထို​ခ​ရစ်​တော်​သည်​လည်း ကြွ​လာ၍၊ ဝေး​လျက်​ရှိ​သော သင်​တို့​အား​လည်း​ကောင်း၊ နီး​လျက်​ရှိ​သော ငါ​တို့​အား​လည်း​ကောင်း၊ ရန်​ငြိမ်း​ခြင်း​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ၏။-


စည်း​စိမ်​ကြီး​သော ထို​သူ​ကို ငါ့​ကိုယ်​စား နှုတ်​ဆက်၍​ပြော​ရ​မည်​မှာ၊ ကိုယ်​တော်​မှ​စ၍ ကိုယ်​တော်၏​အိမ်၊ ကိုယ်​တော်​နှင့် ဆိုင်​သ​မျှ​တို့၌ ချမ်း​သာ​ရှိ​ပါ​စေ​သော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ