ရှင်လုကာခရစ်ဝင် 10:24 - Judson Bible in Zawgyi Version24 ငါဆိုသည်ကား၊ သင်တို့မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ရှင်ဘုရင်များတို့သည် မြင်ခြင်းငှာ အလိုရှိသော်လည်း မမြင်ရကြ။ သင်တို့ ကြားရသောအရာတို့ကို ကြားခြင်းငှာ အလိုရှိသော်လည်း မကြားရကြဟု တပည့်တော်တို့အားသာ မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်24 သင်တို့အား ငါဆိုသည်ကား များစွာသောပရောဖက်တို့နှင့် ရှင်ဘုရင်တို့သည် သင်တို့မြင်နေရသောအရာတို့ကိုမြင်ရရန် အလိုရှိသော်လည်း မမြင်ခဲ့ရကြပေ။ သင်တို့ကြားနေရသောအရာတို့ကိုကြားရရန် အလိုရှိသော်လည်း မကြားခဲ့ရကြပေ”ဟု သူတို့ကိုသာ သီးခြားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version24 သင်တို့အားငါဆိုသည်ကားသင်တို့မြင်ရသည့် အရာများကိုပရောဖက်များ၊ ရှင်ဘုရင်များ မြင်လိုကြသော်လည်းမမြင်ရကြ၊ သင်တို့ကြား ရသည့်အရာများကိုကြားလိုသော်လည်းမ ကြားရကြ'' ဟုမိန့်တော်မူသည်။ အခန်းကိုကြည့်ပါ။ |
ယခုဆိုခဲ့ပြီးသော သူအပေါင်းတို့သည်၊ ကတိတော်နှင့်စပ်ဆိုင်သော အကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးကမြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဖက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှာ တစ်ကျွန်းသူတစ်နိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည်ကို ထင်ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့် သေလွန်ကြ၏။-