Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်လုကာခရစ်ဝင် 1:11 - Judson Bible in Zawgyi Version

11 ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ နံ့​သာ​ပေါင်း​ကို​ရှို့​သော ယဇ်​ပ​လ္လင် လက်​ယာ​ဘက်၌ ရပ်​နေ​သည်​ကို၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ထိုအခါ ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ဇာခရိ​ရှေ့၌​ပေါ်လာ​၍ နံ့သာပေါင်း​မီးရှို့​ပူဇော်​ရာ​ယဇ်ပလ္လင်​၏​လက်ယာ​ဘက်​တွင် ရပ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် ဇာ​ခ​ရိ​၏​ရှေ့​တွင်​ပေါ်​လာ​၍​နံ့​သာ​ပေါင်း ကို မီး​ရှို့​ပူ​ဇော်​ရာ​ပလ္လင်​၏​လက်​ယာ​ဘက်​တွင် ရပ်​လျက်​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်လုကာခရစ်ဝင် 1:11
15 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​သူ​သည် သေ​ဘေး​နှင့်​ကင်း​လွတ်​မည်​အ​ကြောင်း၊ နံ့​သာ​ပေါင်း​အ​ခိုး​အ​ငွေ့​သည် သက်​သေ​ခံ​ချက်​အ​ပေါ်​မှာ​ရှိ​သော သေ​တ္တာ​အ​ဖုံး​ကို မွှန်း​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နံ့​သာ​ပေါင်း​ကို မီး​ပေါ်​မှာ​တင်​ရ​မည်။


ကောင်း​ကင်​တ​မန်​က၊ ငါ​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်၌ ခ​စား​သော ဂါ​ဗြေ​လ​ဖြစ်၏။ သင့်​ကို နှုတ်​ဆက်၍ ဤ​ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ ငါ့​ကို​စေ​လွှတ်​တော်​မူ၏။-


ကောင်း​ကင်​တ​မန်​သည် ရောက်​လာ​လျှင်၊ ကျေး​ဇူး​တော်​ကို​ခံ​ရ​သော မိန်း​မ၊ သင့်​အား​မင်္ဂ​လာ ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့် အ​တူ​ရှိ​တော်​မူ၏။ သင်​သည် မိန်း​မ​တ​ကာ​တို့​ထက် မြတ်​စွာ​သော မင်္ဂ​လာ​ရှိ​သည်​ဟု ပြော​ဆို၏။-


ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​သည် အ​လွန်​ဝမ်း​မြောက်​ဝမ်း​သာ​စ​ရာ သ​တင်း​ကို ငါ​သည်​သင်​တို့​အား ကြား​ပြော​ရ၏။-


ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် သူ​တို့​အ​နား​မှာ​ပေါ်​လာ၍၊ ပတ်​ဝန်း​ကျင်၌ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော် ထွန်း​တောက်​သ​ဖြင့်၊ သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။-


ည​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထောင်​တံ​ခါး​ကို​ဖွင့်​ပြီး​လျှင်၊ ထို​သူ​တို့​ကို​နုတ်၍၊ သင်​တို့​သွား​ကြ​လော့။-


ကောင်း​ကင်​တ​မန်​များ​တို့​ကား၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​မွေ​ခံ​လ​တ္တံ့​သော သူ​တို့​ကို ပြု​စု​စေ​ခြင်း​ငှာ၊ စေ​လွှတ်​တော်​မူ​သော အ​စေ​ခံ​နာမ်​ဝိ​ညာဉ် ဖြစ်​ကြ​သည် မ​ဟုတ်​လော။


ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ဘု​ရား​သ​ခင့် ရှေ့​တော်၌​ရှိ​သော ရွှေ​ယဇ်​ပ​လ္လင်၏ ချို​လေး​ချောင်း​ထဲ​က ထွက်​သော​အ​သံ​ကား၊-


ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထို​မိန်း​မ​အား ကိုယ်​ထင်​ရှား၍၊ သင်​သည် မြုံ​သော​ကြောင့် သား​မ​ဖွား​သော်​လည်း၊ ယ​ခု ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​သည် မာ​နော်​စ​ကား​ကို နား​ထောင်​တော်​မူ၍၊ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​သည် လယ်​လုပ်​ရာ​အ​ရပ်၌ ထိုင်​လျက်​ရှိ​သော ထို​မိန်း​မ​ဆီ​သို့ လာ​ပြန်၏။ ထို​အ​ခါ ခင်​ပွန်း​မာ​နော်​မ​ရှိ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ