Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 9:2 - Judson Bible in Zawgyi Version

2 အာ​ရုန်​အား၊ သင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော နွား​သ​ငယ်​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော သိုး​ထီး​တစ်​ကောင်​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပူ​ဇော်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 အာရုန်​အား “​အပြစ်ဖြေရာယဇ်​အတွက် နွားအုပ်​ထဲမှ​နွားသငယ်​တစ်​ကောင်​နှင့် မီးရှို့ရာယဇ်​အတွက် အပြစ်အနာအဆာကင်း​သော​သိုးထီး​တစ်​ကောင်​ကို သင့်​အဖို့​ယူ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ပူဇော်​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ထို့​နောက်​သူ​သည်​အာ​ရုန်​အား``သင်​သည်​အ​ပြစ် အ​နာ​ကင်း​သော​နွား​ပျို​တစ်​ကောင်​နှင့်​သိုး​ထီး တစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လော့။ နွား​ပျို​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက်​လည်း ကောင်း၊ သိုး​ထီး​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​လည်း ကောင်း​ပူ​ဇော်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 9:2
15 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ငါ့​ရှေ့၌​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​ရွက်​မည်​အ​ကြောင်း၊ အ​ဘယ်​သို့ သန့်​ရှင်း​စေ​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ပြစ်​မ​ပါ​သော နွား​သ​ငယ်​အ​ထီး​နှင့် သိုး​နှစ်​ကောင်​တို့​ကို​လည်း​ကောင်း၊


သ​က္က​ရာဇ်​ဆယ်​ခု၊ ဒ​သ​မ​လ တစ်​ဆယ်​တစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊


သိုး၊ ဆိတ်​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊


နွား​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​အ​နား​မှာ​ဆက်​ရ​မည်။


အာ​ရုန်​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ထဲ​သို့ အ​ဘယ်​သို့​ဝင်​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ သိုး​ထီး​တစ်​ကောင်​ပါ​ရ​မည်။


အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​နှစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ သိုး​တစ်​ကောင်​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​လက်​မှ ခံ​ယူ​ရ​မည်။


ဘိ​သိက်​ခံ​သော​ယဇ်​ပု​ရော​ဟိတ်​သည် လူ​များ​ကို အ​ပြစ်​ထဲ​သို့​သွေး​ဆောင်၍ ကိုယ်​တိုင်​ပြစ်​မှား​လျှင်၊ ထို​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​အ​ပြစ်​မ​ပါ၊ အ​သက်​ပျို​သော နွား​ထီး​ကို၊


ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ နွား​ထီး​ကို​ဆောင်​ခဲ့၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ မိ​မိ​တို့​လက်​ကို နွား​ခေါင်း​ပေါ်​မှာ​တင်​ကြ၏။


ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​ပြု​သော သိုး​ထီး​ကို​လည်း​ဆောင်​ခဲ့၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ မိ​မိ​တို့​လက်​ကို သိုး​ခေါင်း​ပေါ်​မှာ​တင်​ကြ၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​လည်း သင်​တို့​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​အ​ခါ​လည်​သော နွား​သ​ငယ်​တစ်​ကောင်၊ သိုး​သ​ငယ်​တစ်​ကောင်၊


အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​ပြစ်​နှင့် ကင်း​စင်​သော​သူ​ကို ငါ​တို့​အ​တွက်​ကြောင့် အ​ပြစ်​ရှိ​သော​သူ ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ထို​သူ​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​သော​သူ ဖြစ်​မည်​အ​ကြောင်း​တည်း။


ထို​အ​ကြောင်း​ကြောင့်​လည်း၊ လူ​များ​အ​ပြစ်​နှင့် မိ​မိ​အ​ပြစ်​ကို ဖြေ​ခြင်း​ငှာ ပူ​ဇော်​ရ၏။-


အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​မင်း​တို့​သည် ကိုယ်​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ လူ​များ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ နေ့​တိုင်း ယဇ်​ပူ​ဇော်​ရ​သ​ကဲ့​သို့၊ ထို​သ​ခင်​သည် ယဇ်​ပူ​ဇော်​စ​ရာ​အ​ကြောင်း မ​ရှိ၊ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို တစ်​ခါ​တည်း ယဇ်​ပူ​ဇော်၍ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​ပြီ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ