Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 8:36 - Judson Bible in Zawgyi Version

36 မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည် ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

36 အာရုန်​နှင့်​သူ​၏​သား​တို့​သည် မောရှေ​မှတစ်ဆင့် ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သော​အရာ​ရှိသမျှ​တို့​ကို လုပ်ဆောင်​ကြ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

36 သို့​ဖြစ်​၍​အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည် မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​ချက်​တို့​ကို​ဆောင်​ရွက်​ကြ​လေ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 8:36
8 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​လုပ်​ရှိ​သ​မျှ​ကို ပြီး​စီး​စေ​ခြင်း​ငှာ၊ လုပ်​ကြောင်း​ကို မော​ရှေ​သိ​မြင်​သော​အ​ခါ၊ သူ​တို့​ကို ကောင်း​ချီး​ပေး​လေ၏။


ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း မော​ရှေ​ပြု​လေ​၏။


ထို​ကြောင့် သင်​တို့​သည် သေ​ဘေး​နှင့်​ကင်း​လွတ်​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ၊ ခု​နစ်​ရက်​ပတ်​လုံး​နေ့​ည​မ​ပြတ်​နေ၍၊ ထာ​ဝ​ရ​ဘု​ရား​အ​မှု​တော်​ကို စောင့်​ရ​ကြ​မည်။ ထို​သို့ ငါ့​အား​မှာ​ထား​တော်​မူ​ပြီ​ဟု ဆင့်​ဆို​သည်​ဖြစ်၍၊


သူ၏​ခေါင်း​ပေါ်​မှာ ဗောင်း​ကို​တင်၍၊ သန့်​ရှင်း​သော​ရွှေ​သင်း​ကျစ်​ပြား​ကို ဗောင်း​ရှေ့၌​တပ်​လေ၏။


အ​ဋ္ဌ​မ​နေ့၌ မော​ရှေ​သည် အာ​ရုန်​နှင့်​သူ၏​သား​များ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​များ​တို့​ကို​ခေါ်၍၊


ငါ​မှာ​ထား​သ​မျှ​တို့​ကို ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​လော့။ ထပ်၍ မ​ပို​ရ၊ နုတ်၍ မ​လျော့​စေ​ရ။


ငါ​မှာ​ထား​သော​စ​ကား၌ သင်​တို့​သည် အ​သစ်​မ​သွင်း​ရ။ အ​လျှင်း​မ​နုတ်​မ​ပယ်​ရ။ ငါ​မှာ​ထား​သည်​အ​တိုင်း၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ရ​ကြ​မည်။


ရှ​မွေ​လ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ခြင်း၌ အား​ရ​တော်​မူ​သ​ကဲ့​သို့၊ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး​တို့​ကို ပူ​ဇော်​ခြင်း၌ အား​ရ​တော်​မူ​မည်​လော။ အ​လို​တော်​သို့​လိုက်​ခြင်း​သည် ယဇ်​မျိုး​ထက်​သာ၍ ကောင်း၏။ နား​ထောင်​ခြင်း​သည် သိုး​ထီး​ဆီ​ဥ​ထက်​သာ၍ ကောင်း၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ