ဝတ်ပြု 8:35 - Judson Bible in Zawgyi Version35 ထိုကြောင့် သင်တို့သည် သေဘေးနှင့်ကင်းလွတ်ခြင်းငှာ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ၊ ခုနစ်ရက်ပတ်လုံးနေ့ညမပြတ်နေ၍၊ ထာဝရဘုရားအမှုတော်ကို စောင့်ရကြမည်။ ထိုသို့ ငါ့အားမှာထားတော်မူပြီဟု ဆင့်ဆိုသည်ဖြစ်၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်35 သင်တို့ မသေရမည့်အကြောင်း ခုနစ်ရက်ပတ်လုံး နေ့ညမပြတ် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌နေ၍ ထာဝရဘုရားညွှန်ကြားသည့်အတိုင်းဆောင်ရွက်ရမည်ဟု ငါ့အား ထိုသို့မိန့်မှာတော်မူခဲ့၏”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version35 သင်တို့သည်တဲတော်တံခါးဝတွင်ထာဝရ ဘုရားမိန့်မှာတော်မူသမျှကို ခုနစ်ရက် ပတ်လုံးနေ့ညမပြတ်ဆောင်ရွက်လျက်နေ ရမည်။ သင်တို့သည်မိန့်မှာတော်မူသည် အတိုင်းမဆောင်ရွက်လျှင် သေရလိမ့်မည် ဟုထာဝရဘုရားကငါ့အားမိန့်တော် မူပြီ'' ဟူ၍ဆင့်ဆိုလေသည်။- အခန်းကိုကြည့်ပါ။ |
ငါ့သားတိမောသေ၊ သင့်ကိုရည်မှတ်၍ ဟောပြောခဲ့ပြီးသော အနာဂတ္တိစကားကို သင်သည်အမှီပြု၍၊ ယုံကြည်ခြင်းကိုလည်းကောင်း၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းကိုလည်းကောင်း စွဲလမ်း၍ ကောင်းသောစစ်ကို တိုက်စေခြင်းငှာ၊ ထားခဲ့ပြီးသော ထိုအနာဂတ္တိစကားနှင့်အညီ၊ အထက် ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်းအခွင့်ကို သင်၌ ငါအပ်ပေး၏။-