Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 7:37 - Judson Bible in Zawgyi Version

37-38 ဤ​ရွေ့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ သိ​နာ​တော၌ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ရ​မည်​အ​ကြောင်း​မှာ​ထား​တော်​မူ​သော​နေ့၌ သိ​နာ​တောင်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ပေး​တော်​မူ​သော မီး​ရှို့​ရာ​ယဇ်​တ​ရား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​တ​ရား၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​တ​ရား၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တ​ရား၊ အ​ရာ၌​ခန့်​ထား​ရာ​ယဇ်​တ​ရား၊ မိတ်​သ​ဟာ​ယ​ယဇ်​တ​ရား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

37 ဤသည်ကား မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​၊ အပြစ်ဖြေရာယဇ်​၊ အပြစ်ဒဏ်ဖြေရာယဇ်​၊ အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​ယဇ်​နှင့် မိတ်သဟာယယဇ်​တို့​နှင့်ဆိုင်သော​တရား​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

37 ဤ​ကား​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ၊ ဘော​ဇဉ်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ၊ အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ၊ သိက္ခာ​တင်​ရာ​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​တို့​နှင့်​ဆိုင် သော​ပြ​ဋ္ဌာန်း​ချက်​များ​ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 7:37
11 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ငါ့​ရှေ့၌​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​ရွက်​မည်​အ​ကြောင်း၊ အ​ဘယ်​သို့ သန့်​ရှင်း​စေ​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ပြစ်​မ​ပါ​သော နွား​သ​ငယ်​အ​ထီး​နှင့် သိုး​နှစ်​ကောင်​တို့​ကို​လည်း​ကောင်း၊


ထို​သိုး​သည် အ​ရာ၌​ခန့်​ထား​ရာ​သိုး​ဖြစ်​သော​ကြောင့်၊ ဆီ​ဥ၊ အ​မြီး၊ အ​အူ​ကို ဖုံး​သော​ဆီ​ဥ၊ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး၊ ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ကို​ဖုံး​သော​ဆီ​ဥ၊ လက်​ယာ​ပ​ခုံး၊


ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ထဲ​က အ​သံ​ကို​လွှင့်​လျက် မော​ရှေ​ကို​ခေါ်​တော်​မူ၍၊


သိုး​သ​ငယ်​ကို မ​တတ်​နိုင်​လျှင်၊ ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ ခို​နှစ်​ကောင်၊ သို့​မ​ဟုတ် ချိုး​က​လေး​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်၊


အာ​ရုန်​နှင့် သူ၏​သား​တို့​သည် ဘိ​သိက်​ခံ​သော​နေ့​မှ​စ၍၊ ထာ​ဝ​ရ​ဘော​ဇဉ် ပူ​ဇော်​သ​ကာ​ဖြစ်​စေ​ခြင်း​ငှာ၊ မုန့်​ညက်​တစ်​ဩ​မဲ​ကို၊ နံ​နက်​တစ်​ဝက်၊ ည​တစ်​ဝက် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။


ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​ခြား​သော​သိုး၊ အ​ရာ၌​ခန့်​ထား​ရာ​သိုး​ကို ဆောင်​ခဲ့၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည် မိ​မိ​တို့​လက်​ကို​သိုး​ခေါင်း​ပေါ်​မှာ တင်​ကြ၏။


သိုး​ကို​သတ်​ပြီး​မှ၊ မော​ရှေ​သည်​အ​သွေး​ကို​ယူ၍၊ အာ​ရုန်၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၌​လည်း​ကောင်း၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း ထည့်​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ