Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 4:3 - Judson Bible in Zawgyi Version

3 ဘိ​သိက်​ခံ​သော​ယဇ်​ပု​ရော​ဟိတ်​သည် လူ​များ​ကို အ​ပြစ်​ထဲ​သို့​သွေး​ဆောင်၍ ကိုယ်​တိုင်​ပြစ်​မှား​လျှင်၊ ထို​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​အ​ပြစ်​မ​ပါ၊ အ​သက်​ပျို​သော နွား​ထီး​ကို၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ဘိသိက်ခံ​ယဇ်ပုရောဟိတ်​သည် အပြစ်ပြု​သဖြင့် လူ​တို့​အပေါ် အပြစ်​သက်ရောက်​စေ​လျှင်​လည်းကောင်း သူ​ကျူးလွန်​သော​အပြစ်​အတွက် အပြစ်ဖြေရာယဇ်​အဖြစ် အပြစ်အနာအဆာကင်း​သည့် နွားထီးပျို​တစ်​ကောင်​ကို ထာဝရဘုရား​အား ပူဇော်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 အ​ကယ်​၍​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​အ​ပြစ် ပြု​မိ​လျှင် လူ​တို့​အား​လည်း​အ​ပြစ်​ရောက်​စေ သည့်​အ​တွက်​ကြောင့်​သူ​သည် အ​ပြစ်​အ​နာ ကင်း​သော​နွား​ပျို​ကို မိ​မိ​အ​ပြစ်​ဖြေ​ရန် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 4:3
32 ပူးပေါင်းရင်းမြစ်များ  

နန်း​တော်​အ​ပြစ်၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ပြစ်၊ ယု​ဒ​ပြည်​အ​ပြစ်​ဖြေ​ရာ ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ နွား​ခု​နစ်​ကောင်၊ သိုး​ခု​နစ်​ကောင်၊ သိုး​သ​ငယ်​ခု​နစ်​ကောင်၊ ဆိတ်​ခု​နစ်​ကောင်​တို့​ကို ဆောင်​ခဲ့​ကြ၏။ အာ​ရုန်​သား ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​စေ​ခြင်း​ငှာ မိန့်​တော်​မူ​သည်​အ​တိုင်း၊


သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော လူ​စု​ထဲ​က ထွက်​လာ​သော သူ​တို့​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​များ​တို့​အ​ဖို့ နွား တစ်​ဆယ်​နှစ်​ကောင်၊ သိုး​ထီး ကိုး​ဆယ်​ခြောက်​ကောင်၊ သိုး​သ​ငယ် ခု​နစ်​ဆယ်​ခု​နစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ် တစ်​ဆယ်​နှစ်​ကောင်​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ကြ၏။


နွား၏​အ​သား၊ အ​ရေ၊ ချေး​နု​ကို​ကား၊ တပ်​ပြင်​မှာ​မီး​ရှို့​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်၏။


ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော​အ​သွေး​နှင့် လိမ်း​စ​ရာ​ဆီ​ကို​ယူ၍ အာ​ရုန်​နှင့် သူ၏​အ​ဝတ်၌​လည်း​ကောင်း၊ သူ၏​သား​တို့​နှင့် သူ​တို့​အ​ဝတ်၌​လည်း​ကောင်း ဖျန်း​သ​ဖြင့်၊ အာ​ရုန်​မှ​စ၍​သား​များ၊ အ​ဝတ်​များ​တို့​သည် သန့်​ရှင်း​ကြ​လိမ့်​မည်။


ထို​အ​ခါ လိမ်း​စ​ရာ​ဆီ​ကို​ယူ၍ သူ၏​ခေါင်း​ပေါ်၌​လောင်း​သ​ဖြင့် သူ့​ကို​လိမ်း​ရ​မည်။


အာ​ရုန်​သည် တစ်​နှစ်​တစ်​ခါ အ​ပြစ်​ဖြေ​ရာ ယဇ်​ကောင်​အ​သွေး​ကို​ယူ၍၊ ထို​ပ​လ္လင်၏ ဦး​ချို​တို့၌ အ​ပြစ်​ဖြေ​ခြင်း​မင်္ဂ​လာ​ကို ပြု​ရ​မည်။ သင်​တို့​သား​စဉ်​မြေး​ဆက်​တို့​သည် တစ်​နှစ်​တစ်​ခါ ထို​သို့​ပြု​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား အ​လွန်​သန့်​ရှင်း​သော ယဇ်​ပ​လ္လင်​ဖြစ်​သည်။


မီး​ရှို့​ရာ​ယဇ်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ ယဇ်​ကောင်​ကို သတ်​စ​ရာ​ဖို့၊ တံ​ခါး​မုခ်​အ​တွင်း တစ်​ဖက်​တစ်​ချက်၌ စား​ပွဲ​နှစ်​ခု​စီ ရှိ​ကြ၏။


အ​မှု​တော်​ကို​ဆောင်၍ ငါ့​ထံ​သို့ ချဉ်း​ကပ်​သော လေ​ဝိ​အ​မျိုး၊ ဇာ​ဒုတ်​သား ယဇ်​ပု​ရော​ဟိတ်​တို့​အား အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့၊ ပျို​သော​နွား​ထီး​တစ်​ကောင်​ကို အပ်​ရ​မည်။


သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ဆောင်​ခြင်း​ငှာ အ​တွင်း​တံ​တိုင်း သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ ဝင်​သော​နေ့​တွင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို ပူ​ဇော်​ရ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


သိုး၊ ဆိတ်​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊


နွား​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​အ​နား​မှာ​ဆက်​ရ​မည်။


အာ​ရုန်​သည် မိ​မိ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို ဆောင်​ခဲ့​ပြီး​လျှင်၊ မိ​မိ​အ​ဖို့​နှင့် မိ​မိ​အိမ်​သူ​အိမ်​သား​များ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၍၊ မိ​မိ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို သတ်​ရ​မည်။


အာ​ရုန်​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ထဲ​သို့ အ​ဘယ်​သို့​ဝင်​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ သိုး​ထီး​တစ်​ကောင်​ပါ​ရ​မည်။


အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​နှစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ သိုး​တစ်​ကောင်​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​လက်​မှ ခံ​ယူ​ရ​မည်။


အာ​ရုန်​သည် မိ​မိ​နှင့်​ဆိုင်​သော မိ​မိ​အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို​ပူ​ဇော်၍၊ မိ​မိ​အ​ဖို့​နှင့် မိ​မိ​အိမ်​သူ​များ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။


ထို​သို့ ပြစ်​မှား​မိ​သော​အ​ပြစ်​ကို သိ​သော​အ​ခါ၊ ထို​အ​ပြစ်​အ​တွက် ပ​ရိ​သတ်​တို့​သည် အ​သက်​ပျို​သော​နွား​ထီး​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​သို့ ဆောင်​ခဲ့၍​ဆက်​ရ​မည်။


မိ​မိ​ပြစ်​မှား​မိ​သော​အ​ပြစ်​ကို​သိ​သော​အ​ခါ၊ အ​ပြစ်​မ​ပါ​သော ဆိတ်​သ​ငယ်​အ​ထီး​ကို ပူ​ဇော်​သ​ကာ​ဖို့​ဆောင်​ခဲ့​ရ​မည်။


မိ​မိ​ပြစ်​မှား​မိ​သော​အ​ပြစ်​ကို သိ​သော​အ​ခါ၊ ထို​အ​ပြစ်​အ​တွက် ပူ​ဇော်​သ​ကာ​ဖို့ အ​ပြစ်​မ​ပါ​သော ဆိတ်​သ​ငယ်​အ​မ​ကို​ဆောင်​ခဲ့​ရ​မည်။


ဘိ​သိက်​ခံ​သော​ယဇ်​ပု​ရော​ဟိတ်​သည်၊ နွား၏​အ​သွေး​ကို​ယူ၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊


ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​စေ​ခြင်း​ငှာ သိုး​သ​ငယ်​ဖြစ်​စေ၊ ဆိတ်​သ​ငယ်​ဖြစ်​စေ၊ အ​မ​တစ်​ကောင်​ကောင်​တည်း​ဟူ​သော ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ဆောင်​ခဲ့​ပြီး​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ၏​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။


အာ​ရုန်၏​သား​ယောက်ျား​အ​ပေါင်း​တို့​သည် စား​ရ​ကြ​မည်။ မီး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ပြု​သော ပူ​ဇော်​သ​ကာ​ကို ကိုင်​သော​သူ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​ကြ​မည်​ဟု သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော် ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။


လိမ်း​ရန်​ဆီ​ကို အာ​ရုန်​ခေါင်း​ပေါ်​မှာ​လောင်း၍ သူ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ လိမ်း​လေ၏။


အာ​ရုန်​အား၊ သင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော နွား​သ​ငယ်​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော သိုး​ထီး​တစ်​ကောင်​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပူ​ဇော်​လော့။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​လည်း သင်​တို့​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​အ​ခါ​လည်​သော နွား​သ​ငယ်​တစ်​ကောင်၊ သိုး​သ​ငယ်​တစ်​ကောင်၊


သူ​တို့​က​ပျပ်​ဝပ်​လျက်၊ အို​ဘု​ရား​သ​ခင်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့၏ အ​သက်​ဝိ​ညာဉ်​များ​ကို အ​စိုး​ရ​တော်​မူ​သော​ဘု​ရား​သ​ခင်၊ လူ​တစ်​ယောက်​အ​ပြစ်​ကြောင့် ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို အ​မျက်​ထွက်​တော်​မူ​မည်​လော​ဟု လျှောက်​ဆို​လေ၏။


ဆီ​ရော​သော​မုန့်​ညက်​တည်း​ဟူ​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ၊ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​တစ်​ကောင်​ကို​ယူ​ပြီး​လျှင်၊


ဇာ​တိ​ပ​က​တိ​ကြောင့် ပ​ညတ်​တ​ရား​သည် အား​နည်း၍ မ​တတ်​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​ပြု​တော်​မူ​ခြင်း​ငှာ၊ အ​ပြစ်​နှင့်​ပြည့်​စုံ​သော ဇာ​တိ​ပ​က​တိ၏ သ​ဏ္ဌာန်​ကို​ဆောင်​သော မိ​မိ​သား​တော်​ကို စေ​လွှတ်​တော်​မူ၍၊ အ​ပြစ်​ဖြေ​ဖို့​ရာ ဇာ​တိ​ပ​က​တိ၌ အ​ပြစ်​ကို ဒဏ်​ပေး​တော်​မူ၏။-


အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​ပြစ်​နှင့် ကင်း​စင်​သော​သူ​ကို ငါ​တို့​အ​တွက်​ကြောင့် အ​ပြစ်​ရှိ​သော​သူ ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ထို​သူ​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​သော​သူ ဖြစ်​မည်​အ​ကြောင်း​တည်း။


ထို​အ​ကြောင်း​ကြောင့်​လည်း၊ လူ​များ​အ​ပြစ်​နှင့် မိ​မိ​အ​ပြစ်​ကို ဖြေ​ခြင်း​ငှာ ပူ​ဇော်​ရ၏။-


ငါ​တို့​အ​ဖို့ ထာ​ဝ​ရ​ရွေး​နုတ်​ခြင်း ကျေး​ဇူး​ကို​ခံ​ရ၍ ဆိတ်​အ​သွေး၊ နွား​က​လေး​အ​သွေး​နှင့် မ​ဟုတ်၊ မိ​မိ​အ​သွေး​တော်​နှင့် သန့်​ရှင်း​ရေး​ဌာ​န​ထဲ​သို့ တစ်​ခါ​တည်း ဝင်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ