Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 27:31 - Judson Bible in Zawgyi Version

31 ဆယ်​စု​တစ်​စု​ကို​ရွေး​လို​လျှင်၊ အ​ဖိုး​ရင်း​နှင့်​ငါး​စု​တစ်​စု​ကို ထပ်၍​ပေး​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

31 တစ်စုံတစ်ယောက်​သည် မိမိ​ဆယ်ဖို့တစ်ဖို့​ထဲမှ​အချို့​ကို အမှန်ပင်​ရွေးနုတ်​လို​လျှင် ၎င်း​၏​တန်ဖိုး​အပြင် ငါးပုံတစ်ပုံ​ထပ်ပေါင်း​၍ ပေး​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

31 တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ထို​အ​သီး အ​နှံ​ကို​ပြန်​၍​ဝယ်​ယူ​လို​လျှင် စံ​ချိန်​တော် အ​ရ​တန်​ဖိုး​အ​ပြင်​နှစ်​ဆယ်​ရာ​ခိုင်​နှုန်း ထပ်​ဆောင်း​၍​ဝယ်​ယူ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 27:31
5 ပူးပေါင်းရင်းမြစ်များ  

ယော​ရှ​မင်း​က​လည်း၊ ဗိ​မာန်​တော်​ထဲ​သို့​သွင်း​သော အ​လှူ​ဥ​စ္စာ​ကို​ရောင်း၍ ရ​သော​ငွေ၊ စာ​ရင်း​ဝင်​သော​သူ​တိုင်း ကိုယ်​အ​တွက်​ပေး​သော​ငွေ၊ ကိုယ်​ဖိုး​ဖြတ်၍ ရ​သော​ငွေ၊ အ​လို​လို လှူ​သော​ငွေ​ရှိ​သ​မျှ​ကို၊


မ​စင်​ကြယ်​သော​တိ​ရ​စ္ဆာန်​ဖြစ်​လျှင်၊ အ​ဖိုး​ဖြတ်​သည်​အ​တိုင်း​ရွေး၍၊ ငါး​စု​တစ်​စု​ကို ထပ်၍​ပေး​ရ​မည်။ မ​ရွေး​လို​လျှင်၊ အ​ဖိုး​ဖြတ်​သည်​အ​တိုင်း​ရောင်း​ရ​မည်။


စ​ပါး​ဖြစ်​စေ၊ သစ်​သီး​ဖြစ်​စေ၊ မြေ​က​ဖြစ်​သ​မျှ​သော​အ​သီး​အ​နှံ ဆယ်​စု​တစ်​စု​သည် ထာ​ဝ​ရ​ဘု​ရား၏​ဘ​ဏ္ဍာ​တော်​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​သန့်​ရှင်း​ရ​မည်။


နွား​ဖြစ်​စေ၊ သိုး​ဆိတ်​ဖြစ်​စေ၊ ကြိမ်​လုံး​အောက်၌​သွား​သ​မျှ​သော​အ​ကောင် ဆယ်​စု​တစ်​စု​သည်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​ရ​မည်။


ထို​သို့ ဘု​ရား​နှင့်​ဆိုင်​သော​အ​ရာ၌ ပြစ်​မှား​မိ​ရာ​ကို​ပြု​ပြင်​ပြီး​လျှင်၊ ငါး​စု​တစ်​စု​ကို​လည်း​ထပ်၍ ယဇ်​ပု​ရော​ဟိတ်​အား​ပေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​လည်း၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ဖြစ်​သော သိုး​အား​ဖြင့်၊ ထို​သူ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ