Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 25:47 - Judson Bible in Zawgyi Version

47 သင့်​အ​နား​မှာ​တည်း​နေ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​သည် ငွေ​ရ​တတ်၍ သူ၏​အ​နား​မှာ​နေ​သော သင်၏​အ​မျိုး​သား​ချင်း​ဆင်း​ရဲ​သ​ဖြင့်၊ သင့်​အ​နား​မှာ​တည်း​နေ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၌​လည်း​ကောင်း၊ သူ၏​သား​မြေး၌​လည်း​ကောင်း၊ ကိုယ်​ကို​ရောင်း​ချ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

47 အကယ်၍ သင်​နှင့်အတူ​နေထိုင်​သည့် တိုင်းတစ်ပါးသား​ဧည့်သည်​သည် ကြီးပွား​၍ သူ​နှင့်အတူ​နေထိုင်​သည့် သင်​၏​အမျိုးသားချင်း​သည် ဆင်းရဲ​သွား​သဖြင့် သူ​သည် သင်​နှင့်အတူ​နေထိုင်​သည့်​တိုင်းတစ်ပါးသား​ဧည့်သည်​ထံ၌​ဖြစ်စေ​၊ တိုင်းတစ်ပါးသား​၏​မျိုးနွယ်စုဝင်​ထံ၌​ဖြစ်စေ သူ့ကိုယ်သူ​ရောင်း​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

47 အ​ကယ်​၍​ဆင်း​ရဲ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တစ်​ဦး​သည် သင်​တို့​နှင့်​အ​တူ​နေ​ထိုင် သည့်​လူ​မျိုး​ခြား​တစ်​ဦး​သို့​မ​ဟုတ်​သူ​၏ မိ​သား​စု​တစ်​ဦး​ထံ​တွင် မိ​မိ​ကိုယ်​ကို​ကျွန် အ​ဖြစ်​ရောင်း​ခဲ့​သည်​ရှိ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 25:47
7 ပူးပေါင်းရင်းမြစ်များ  

တစ်​ပါး​အ​မျိုး​သား​တို့​လက်၌ ကျွန်​ခံ​သော ငါ​တို့​ညီ​အစ်​ကို ယု​ဒ​လူ​တို့​ကို၊ ငါ​တို့​သည် တတ်​နိုင်​သ​မျှ​အ​တိုင်း ရွေး​နုတ်​ပြီး​မှ၊ သင်​တို့​သည် ညီ​အစ်​ကို​တို့​ကို တစ်​ဖန် ရောင်း​ဦး​မည်​လော။ သူ​တို့​သည် အ​မျိုး​သား​ချင်း​တို့​တွင် အ​ရောင်း​ခံ​ရ​မည်​လော​ဟု ဆို​လျှင်၊ သူ​တို့​သည် ပြန်​ပြော​စ​ရာ​မ​ရှိ၊ တိတ်​ဆိတ်​စွာ နေ​ကြ၏။


သင်၏​အ​မျိုး​သား​ချင်း​သည်​ဆင်း​ရဲ၍၊ မိ​မိ​ပိုင်​သော​မြေ​ကို​ရောင်း​လျှင်​လည်း​ကောင်း၊ သူ၏​ပေါက်​ဖော်​တစ်​စုံ​တစ်​ယောက်​သည် ဝယ်​ခြင်း​ငှာ​လာ​လျှင်​လည်း​ကောင်း၊ မိ​မိ​ပေါက်​ဖော် ရောင်း​သော​ဥ​စ္စာ​ကို ရွေး​နုတ်​ရ​သော​အ​ခွင့်​ရှိ​ရ​မည်။


ထို​မြေ​ကို ရွေး​နုတ်​သော​သူ​တစ်​ယောက်​မျှ မ​ပေါ်​မ​ရှိ၍၊ မြေ​ရှင်​ဟောင်း​သည် ကိုယ်​တိုင်​ရွေး​နုတ်​နိုင်​လျှင်၊


သူ​တို့​သည် ကျွန်​သား​ပေါက်​ဖြစ်၍၊ သင်​တို့​နှင့် သင်​တို့​သား​သ​မီး​တို့​သည် အ​မွေ​ခံ၍​ပိုင်​ရ​မည်။ ကိုယ်​အ​မျိုး​သား​ချင်း​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​လျှင်၊ တစ်​ယောက်​ကို​တစ်​ယောက် ကြမ်း​တမ်း​စွာ​မ​စီ​ရင်​ရ။


ရောင်း​ပြီး​မှ ရွေး​နုတ်​သော​အ​ခွင့် ရှိ​စေ​ရ​မည်။ မိ​မိ​အ​မျိုး​သား တစ်​စုံ​တစ်​ယောက်​သည် ရွေး​နုတ်​ရ​မည်။


ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ လော​က​တွင် ဆင်း​ရဲ​သော​သူ​တို့​သည် ယုံ​ကြည်​ခြင်း ရ​တ​နာ​ကို ရ​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တို့​အား ပေး​မည်​ဟု ဝန်​ခံ​တော်​မူ​သော နိုင်​ငံ​တော်၏​အ​မွေ​ခံ ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သူ​တို့​ကို ရွေး​ကောက်​တော်​မူ​သည် မ​ဟုတ်​လော။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ