Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 25:44 - Judson Bible in Zawgyi Version

44 သင်​သည်​စေ​ခိုင်း​သော​ကျွန်၊ ကျွန်​မ​တို့​ကို၊ သင့်​ပတ်​လည်​ဝန်း​ကျင်​တို့၌ နေ​သော​သာ​သ​နာ​ပ​လူ​တို့​တွင် ဝယ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

44 သင်​ပိုင်​သော ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​သည် သင်​တို့​ဝန်းကျင်​၌​ရှိ​သော​လူမျိုးခြား​တို့​ထဲမှ​ဖြစ်​ရ​မည်​။ ထို​သူ​တို့​ထဲမှ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​ကို သင်​တို့ ဝယ်ယူ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

44 စေ​ခိုင်း​ရန်​ကျွန်​လို​လျှင်​သင်​တို့​၏​ပတ်​ဝန်း ကျင်​နိုင်​ငံ​များ​မှ​ကျွန်​များ​ကို​ဝယ်​ယူ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 25:44
7 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် ငွေ​နှင့်​ဝယ်​သော​ကျွန်​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ပြီး​လျှင် စား​ရ၏။


သို့​ရာ​တွင် ကျွန်​သည် တစ်​ရက်​နှစ်​ရက်​နာ၍ မ​သေ​ဘဲ​နေ​လျှင်၊ သ​ခင်​သည် ထို​ကျွန်​ကို​ပိုင်​သော​ကြောင့်၊ ဒဏ်​နှင့်​လွတ်​ရ​မည်။


သူ့​ကို ကြမ်း​တမ်း​စွာ​မ​စီ​ရင်​ရ။ သင်၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရ​မည်။


ထို​မှ​တစ်​ပါး၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​ကို​လည်း​ကောင်း၊ သင်​တို့​ပြည်၌ သူ​တို့​ရ​သော​သား​သ​မီး​များ​ကို​လည်း​ကောင်း ဝယ်၍​ပိုင်​ရ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ