Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 25:20 - Judson Bible in Zawgyi Version

20 သင်​တို့​က​လည်း၊ သ​တ္တ​မ​နှစ်​တွင် ငါ​တို့​သည် အ​ဘယ်​သို့​စား​ရ​မည်​နည်း။ လယ်​မ​လုပ်​ရ။ အ​သီး​အ​နှံ​ကို​မ​သိမ်း​ရ​ပါ​တ​ကား​ဟု ဆို​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 သင်​တို့​က “​အကျွန်ုပ်​တို့​သည် မျိုး​မ​ကြဲ​ရ​၊ ကိုယ့်​အသီးအနှံ​ကို​လည်း မ​စုသိမ်း​ရ​လျှင် သတ္တမ​နှစ်​၌ မည်သည့်​အရာ​ကို​စား​ရ​မည်နည်း​”​ဟု မေး​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

20 လယ်​များ​ကို​မ​စိုက်​မ​ပျိုး၊ အ​သီး​အ​နှံ​များ ကို​မ​စု​မ​သိမ်း​ရ​သော​သတ္တ​မ​နှစ်​တွင်​မည် ကဲ့​သို့​စား​ရ​ပါ​မည်​နည်း​ဟူ​၍​တစ်​စုံ​တစ် ယောက်​က​မေး​ကောင်း​မေး​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 25:20
15 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​မှီ​ခြင်း​ကို​ခံ​ရ​သော​အ​မတ်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်၌ ပြူ​တင်း​ပေါက်​တို့​ကို ဖွင့်​လှစ်​တော်​မူ​လျှင်၊ ထို​သို့​ဖြစ်​နိုင်​ကောင်း​သည်​ဟု ဘု​ရား​သ​ခင်၏​လူ​အား​ဆို​သော်၊ ဘု​ရား​သ​ခင်၏​လူ​က၊ သင်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​ရ​သော်​လည်း မ​စား​ရ​ဟု ပြန်​ပြော၏။


အာ​မ​ဇိ​က၊ ဣ​သ​ရေ​လ​တပ်​ကို ငှား၍ ငွေ​အ​ခွက်​တစ်​ထောင်​ကို ပေး​မိ​သော​ကြောင့်၊ အ​ဘယ်​သို့​ပြု​ရ​မည်​နည်း​ဟု ဘု​ရား​သ​ခင်၏​လူ​ကို မေး​မြန်း​သော်၊ ဘု​ရား​သ​ခင်၏​လူ​က၊ ထို​မျှ​မ​က ထာ​ဝ​ရ​ဘု​ရား​သည် သာ၍ ပေး​နိုင်​တော်​မူ​သည်​ဟု ပြန်​ပြော၏။


ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ဖြစ်​၍၊ အို ကောင်း​ကင်၊ ကြား​လော့။ အို​မြေ​ကြီး၊ နား​ထောင်​လော့။ မိန့်​တော်​မူ​ချက်​ဟူ​မူ​ကား၊ ငါ​ကျွေး​မွေး​ပြု​စု​သော သား​သ​မီး​တို့​သည် ငါ့​ကို​ပုန်​ကန်​ကြ​ပြီ။


မြေ​သည်​လည်း မိ​မိ​အ​သီး​အ​နှံ​ကို​ပေး​သ​ဖြင့်၊ သင်​တို့​သည် ဝ​စွာ​စား၍ ဘေး​လွတ်​လျက် နေ​ရ​ကြ​လိမ့်​မည်။


သ​တ္တ​မ​နှစ်​သည်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ဥ​ပုသ်​နှစ်၊ တစ်​ပြည်​လုံး​ငြိမ်​ဝပ်​စွာ​နေ၍ ဥ​ပုသ်​စောင့်​ရ​သော​နှစ်​ဖြစ်၏။ လယ်​မ​လုပ်​ရ၊ စ​ပျစ်​ဥ​ယျာဉ်​ကို မ​သုတ်​သင်​ရ၊


ပြည်​ဥ​ပုသ်​တည်း​ဟူ​သော အ​လို​လို​ဖြစ်​ပွား​သော​အ​ရာ​ရှိ​သ​မျှ​သည်၊ သင်​ကိုယ်​မှ​စ၍ သင်၏​ကျွန်၊ ကျွန်​မ၊ သူ​ငှား၊ ဧည့်​သည်​စား​စ​ရာ၊


ဤ​လူ​အ​ပေါင်း​တို့​အား ကျွေး​စ​ရာ​ဖို့​အ​မဲ​သား​ကို အ​ကျွန်ုပ်​သည် အ​ဘယ်​မှာ​ရ​နိုင်​ပါ​အံ့​နည်း။ သူ​တို့​က အ​ကျွန်ုပ်​တို့​စား​စ​ရာ​ဖို့ အ​မဲ​သား​ကို​ပေး​ပါ​ဟု ငို​ကြွေး​လျက် အ​ကျွန်ုပ်​ကို​တောင်း​ကြ​ပါ၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ရော​နှော​လျက်​ပါ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် တောင့်​တ​သော​စိတ်​စွဲ​လမ်း​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လည်း တစ်​ဖန်​ငို​ကြွေး​လျက် ငါ​တို့​စား​စ​ရာ​ဖို့ အ​မဲ​သား​ကို အ​ဘယ်​သူ​ပေး​လိမ့်​မည်​နည်း။


ကိုယ်​တော်​က၊ ယုံ​ကြည်​အား​နည်း​သော သူ​တို့၊ အ​ဘယ်​ကြောင့် ကြောက်​တတ်​သ​နည်း​ဟု မေး​တော်​မူ​ပြီး​လျှင်၊ ထ၍ လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် အ​လွန်​သာ​ယာ​လေ၏။-


ထို​ကြောင့် အ​ဘယ်​သို့ စား​ရ​အံ့​နည်း။ အ​ဘယ်​သို့ သောက်​ရ​အံ့​နည်း​ဟူ၍ မ​ရှာ​ဖွေ​ကြ​နှင့်။ သော​က​မွှေ​နှောက်​ခြင်း​လည်း မ​ရှိ​ကြ​နှင့်။-


အ​ဘယ်​အ​မှု​ကို​မျှ စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ဆု​တောင်း​ပ​တ္ထ​နာ ပြု​သော​အား​ဖြင့်၊ သင်​တို့​တောင်း​ပန်​လို​သော အ​ရာ​များ​တို့​ကို ဘု​ရား​သ​ခင်​အား ကြား​လျှောက်​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ