Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 23:4 - Judson Bible in Zawgyi Version

4 အ​ချိန်​တန်​မှ သင်​တို့​ကြော်​ငြာ​ရ​သော ဓ​မ္မ​စည်း​ဝေး​ခြင်း​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​ပွဲ​တော်​များ​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 အချိန်တန်​သောအခါ သင်​တို့​ကြေညာ​ရ​မည့် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​တည်းဟူသော ထာဝရဘုရား​သတ်မှတ်​ထား​သော​ပွဲတော်​များ​ကား ဤသို့​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 အောက်​ဖော်​ပြ​ပါ​ပွဲ​တော်​များ​ကို​သတ်​မှတ် သော​အ​ချိန်​အ​ခါ​များ​တွင်​ကျင်း​ပ​ရ​မည် ဖြစ်​ကြောင်း​ကြေ​ညာ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 23:4
9 ပူးပေါင်းရင်းမြစ်များ  

ထို​စ​ကား​ကို​ကြား​သော​အ​ခါ၊ ကျမ်း​စာ၌ ပါ​သည်​အ​တိုင်း သစ်​ခက်​တဲ​တို့​ကို လုပ်​ခြင်း​ငှာ တောင်​သို့​သွား​ကြ။ သံ​လွင်​ခက်၊ ထင်း​ရှူး​ခက်၊ မု​ရ​တု​ခက်၊ စွန်​ပ​လွံ​ခက် အ​စ​ရှိ​သော ထူ​ထပ်​သော အ​ခက်​အ​လက်​မျိုး​တို့​ကို ဆောင်​ခဲ့​ကြ​ဟု ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ခပ်​သိမ်း​သော မြို့​ရွာ​တို့၌ ကြော်​ငြာ​ကြ၏။


ဤ​နေ့​ရက်​သည်​လည်း သင်​တို့​အောက်​မေ့​စ​ရာ​ဖို့​ဖြစ်၍၊ သင်​တို့၏​အ​မျိုး အ​စဉ်​အ​ဆက်​မ​ပြတ် ဤ​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား​အား​ပွဲ​ခံ​ရ​ကြ​မည်။ ပ​ညတ်​တော်​ရှိ​သည်​ဖြစ်၍၊ ထို​ပွဲ​ကို​အ​စဉ်​အ​မြဲ​ခံ​ရ​ကြ​မည်။


တစ်​နှစ်​တွင်​သုံး​ကြိမ် ငါ့​အ​ဖို့​ပွဲ​ခံ​ရ​မည်။ ငါ​မှာ​ထား​ခဲ့​ပြီး​သည်​အ​တိုင်း၊ အ​ဗိ​ဗ​လ ချိန်း​ချက်​သော​နေ့​ရက်​အ​ချိန်၌ အ​ဇု​မ​ပွဲ​ကို​ခံ၍၊ ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​သော​မုန့်​ကို စား​ရ​မည်။


အ​ရေ​လ​မြို့၊ ဒါ​ဝိဒ်​မင်း​နေ​သော အ​ရေ​လ​မြို့​သည် အ​မင်္ဂ​လာ​ရှိ၏။ တစ်​နှစ်​ပေါ်​မှာ တစ်​နှစ်​ထပ်​ကြ​လော့။ ပွဲ​တို့​ကို အ​လှည့်​လှည့်​ခံ​ကြ​လော့။


တ​ရား​တွေ့​မှု​ကို စီ​ရင်​လျှင်၊ ငါ၏​ဓ​မ္မ​သတ်​အ​တိုင်း စီ​ရင်​ရ​ကြ​မည်။ ငါ၏​ဓ​မ္မ​ပွဲ​တို့​ကို ဆောင်​ရွက်​လျှင်၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက် တို့​ကို​လည်း​ကောင်း၊ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို​လည်း​ကောင်း စောင့်​ရှောက်​ရ​ကြ​မည်။


သင်​တို့​သည် စီ​ရင်​ရ​သော ဓ​မ္မ​စည်း​ဝေး​ခြင်း​တည်း​ဟူ​သော ငါ​ထာ​ဝ​ရ​ဘု​ရား၏ ပွဲ​တော်​များ​ဟူ​မူ​ကား၊


ထို​နေ့၌​လည်း ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို စီ​ရင်​ရ​ကြ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​ဖြစ်​သ​တည်း။


ဤ​ရွေ့​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​ပုသ်​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ရ​သော အ​လှူ​ဒါ​န၊ သ​စ္စာ​က​တိ​နှင့်​ဆိုင်​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ နေ့​ရက်​အ​သီး​အ​သီး​တို့၌ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ၊ မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ ယဇ်​ပူ​ဇော်​ခြင်း၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကို ပြု​စေ​ခြင်း​ငှာ စီ​ရင်​ရ​သော​ဓ​မ္မ​စည်း​ဝေး​ခြင်း၊ ထာ​ဝ​ရ​ဘု​ရား၏​ပွဲ​တော်​များ ဖြစ်​သ​တည်း။


ငြိမ်​သက်​ခြင်း၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​စ​ကား​ကို ကြား​ပြော​သော​သူ၏ ခြေ​တို့​ကို တောင်​ပေါ်​မှာ ကြည့်​ကြ​လော့။ အို ယု​ဒ​အ​မျိုး၊ သင်၏​ဓ​မ္မ​ပွဲ​ကို​ခံ​လော့။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ဖြေ​လော့။ အ​ဓ​မ္မ​လူ​သည် ရှင်း​ရှင်း​ပယ်​ဖြတ်​ခြင်း​ကို ခံ​ရ​သော​ကြောင့် နောက်​တစ်​ဖန်​သင့်​ကို မ​ကျော်​မ​နင်း​ရ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ