Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 23:20 - Judson Bible in Zawgyi Version

20 ယဇ်​ပု​ရော​ဟိတ်​သည် အ​ဦး​သီး​သော​အ​သီး​မုန့်​နှင့်​တ​ကွ ချီ​လွှဲ​သ​ဖြင့်၊ သိုး​သ​ငယ်​နှစ်​ကောင်​ပါ​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။ ထို​အ​ရာ​တို့​သည်​လည်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ သန့်​ရှင်း​သော အ​ရာ​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 ယဇ်ပုရောဟိတ်​သည် သိုးသငယ်​နှစ်​ကောင်​ကို အဦးဆုံးသီးနှံ​၏​မုန့်​နှင့်အတူ ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ချီလွှဲ​ရ​မည်​။ ထို​အရာ​တို့​သည် ယဇ်ပုရောဟိတ်​အတွက် ထာဝရဘုရား​ရှေ့​၌ သန့်ရှင်း​သော​ပူဇော်သက္ကာ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

20 ယဇ်​ပု​ရော​ဟိတ်​သည်​မုန့်​နှင့်​သိုး​က​လေး နှစ်​ကောင်​ကို ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဆက်​သ​ရ​မည်။ ဤ​ပူ​ဇော်​သ​ကာ တို့​သည်​သန့်​ရှင်း​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 23:20
12 ပူးပေါင်းရင်းမြစ်များ  

အာ​ရုန်​လက်၊ သူ၏​သား​တို့​လက်၌ ထို​အ​ရာ​တို့​ကို​ထား​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ချီ​လွှဲ၍၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။


ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ အ​ဦး​သီး​သော​အ​သီး၊ တ​ဆေး​ဖြင့်​ဖောင်း​ကြွ​သော မုန့်​ညက်​နှစ်​ဩ​မဲ​နှင့်​လုပ်​သော ချီ​လွှဲ​ရာ​မုန့်​နှစ်​လုံး​ကို သင်​တို့​အိမ်​မှ​ထုတ်​ဆောင်​ခဲ့၍၊


အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ အ​ခါ​လည်​သော​သိုး​သ​ငယ်​နှစ်​ကောင်​ကို​လည်း​ကောင်း ပူ​ဇော်၍၊


ထို​နေ့၌​လည်း ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို စီ​ရင်​ရ​ကြ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​ဖြစ်​သ​တည်း။


ထို​နောက် မော​ရှေ​သည် ရင်​ပတ်​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​သ​ဖြင့်၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ပြု​လေ၏။ အ​ရာ၌​ခန့်​ထား​ရာ​သိုး၏ ရင်​ပတ်​သည် မော​ရှေ၏​အ​ဖို့ ဖြစ်​သ​တည်း။


ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဘု​ရား​သ​ခင်​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​ပေါ်​၌​လည်း ငြိမ်​သက်​ခြင်း ရှိ​စေ​သ​တည်း။ လူ​တို့​အား မေ​တ္တာ​က​ရု​ဏာ ရှိ​စေ​သ​တည်း​ဟု ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍​မြွက်​ဆို​ကြ၏။


ငါ​တို့​သည် သင်​တို့၌ ဓ​မ္မ​မျိုး​စေ့​ကို စိုက်​ပြီး​မှ သင်​တို့၏​လော​ကီ​အ​သီး​ကို သုံး​ဆောင်​လျှင် ကျေး​ဇူး​ကြီး​မည်​လော။-


အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ထို​သ​ခင်​သည် ငါ​တို့ ရန်​ငြိမ်း​ခြင်း​အ​ကြောင်း ဖြစ်​တော်​မူ၏။-


အ​ဦး​သိမ်း​သော စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ သိုး​မွေး​ကို​လည်း​ကောင်း လှူ​ရ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ