ဝတ်ပြု 23:2 - Judson Bible in Zawgyi Version2 သင်တို့သည် စီရင်ရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ငါထာဝရဘုရား၏ ပွဲတော်များဟူမူကား၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်2 “အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တို့ကြေညာရမည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရားသတ်မှတ်ထားသောဓမ္မပွဲတော်များကား ဤသို့ဖြစ်၏။ ဤပွဲတော်များသည် ငါသတ်မှတ်ထားသောပွဲတော်များဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ဤရွေ့ကား၊ ထာဝရဘုရား၏ဥပုသ်နေ့၊ ထာဝရဘုရားအားဆက်ကပ်ရသော အလှူဒါန၊ သစ္စာကတိနှင့်ဆိုင်သောပူဇော်သကာ၊ အလိုလိုပြုသောပူဇော်သကာမှတစ်ပါး၊ နေ့ရက်အသီးအသီးတို့၌ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာ၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ ယဇ်ပူဇော်ခြင်း၊ သွန်းလောင်းရာပူဇော်သကာကို ပြုစေခြင်းငှာ စီရင်ရသောဓမ္မစည်းဝေးခြင်း၊ ထာဝရဘုရား၏ပွဲတော်များ ဖြစ်သတည်း။
ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်းစကားကို ကြားပြောသောသူ၏ ခြေတို့ကို တောင်ပေါ်မှာ ကြည့်ကြလော့။ အို ယုဒအမျိုး၊ သင်၏ဓမ္မပွဲကိုခံလော့။ သစ္စာကတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေလော့။ အဓမ္မလူသည် ရှင်းရှင်းပယ်ဖြတ်ခြင်းကို ခံရသောကြောင့် နောက်တစ်ဖန်သင့်ကို မကျော်မနင်းရ။