Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 22:22 - Judson Bible in Zawgyi Version

22 မျက်​စိ​ကန်း​သော​အ​ပြစ်၊ အ​ရိုး​ကျိုး​သော​အ​ပြစ်၊ အင်္ဂါ​ချို့​တဲ့​သော​အ​ပြစ်၊ မြင်း​ဖု​ရှိ​သော​အ​ပြစ်၊ ဝဲ​နာ၊ ယား​နာ​စွဲ​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​ရှိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​အား မ​ပူ​ဇော်​ရ။ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သ​ကာ​မ​ပြု​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

22 မျက်စိကန်း​သော​အကောင်​၊ ဒဏ်ရာ​ရ​သော​အကောင်​၊ အင်္ဂါ​ချို့ယွင်း​သော​အကောင်​၊ ပြည်တည်နာ​စွဲ​သော​အကောင်​၊ နှင်းခူ​စွဲ​သော​အကောင်​၊ ယားနာ​စွဲ​သော​အကောင် တို့​ကို ထာဝရဘုရား​အား မ​ပူဇော်​ရ​။ ထိုသို့သော​အကောင်​တို့​ကို ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် ယဇ်ပလ္လင်​ပေါ် မ​တင်​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

22 မျက်​စိ​ကန်း​သော​တိ​ရစ္ဆာန်၊ ခြေ​လက်​ပြတ် သော​တိ​ရစ္ဆာန်၊ ပြည်​ထွက်​သော​အ​နာ​ရှိ​သည့် တိ​ရစ္ဆာန်၊ အ​ရေ​ပြား​တွင်​ယား​နာ၊ ဝဲ​နာ​စွဲ သော​တိ​ရစ္ဆာန်​တို့​ကို​ပလ္လင်​ပေါ်​တွင်​မီး​ရှို့ မ​ပူ​ဇော်​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 22:22
9 ပူးပေါင်းရင်းမြစ်များ  

ခြေ​ထောက်​နှင့် အ​အူ​အ​စ​ရှိ​သည်​တို့​ကို ရေ​နှင့်​အ​ရင်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် တစ်​ကောင်​လုံး​ကို​ဆောင်​ခဲ့၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ မီး​ရှို့​သော​ယဇ်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။


ခြေ​ထောက်​နှင့် အ​အူ​အ​စ​ရှိ​သည်​တို့​ကို ရေ​နှင့် အ​ရင်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​ယဇ်​တစ်​ကောင်​လုံး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ မီး​ရှို့​ရာ​ယဇ်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။


အ​ပြစ်​ပါ​သော​အ​ကောင်​ကို မ​ပူ​ဇော်​ရ။ ပူ​ဇော်​လျှင် စိတ်​တော်​နှင့်​မ​တွေ့။


သ​စ္စာ​က​တိ​ရှိ၍​ပြု​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ သိုး၊ ဆိတ်၊ နွား​ကို ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​လို​လျှင်၊ စိတ်​တော်​နှင့် တွေ့​ခြင်း​ငှာ​စုံ​လင်​ရ​မည်။ အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​ရ။


သို့​ရာ​တွင် အင်္ဂါ​ပို​ခြင်း၊ ချို့​တဲ့​ခြင်း​အ​ပြစ်​ရှိ​သော သိုး၊ ဆိတ်၊ နွား​ကို အ​လို​လို ပူ​ဇော်​သ​ကာ​ဖို့​ပူ​ဇော်​ရ​မည်။ သ​စ္စာ​က​တိ​နှင့်​ဆိုင်၍​ပူ​ဇော်​လျှင် စိတ်​တော်​နှင့်​မ​တွေ့။


အ​အူ​ကို ဖုံး​သော​ဆီ​ဥ၊


အာ​ရုန်၏​သား​တို့​သည် ယဇ်​ပ​လ္လင်​အ​ပေါ်၌​ရှိ​သော ထင်း​မီး​ပေါ်​မှာ​တင်​သော ယဇ်​ကောင်​နှင့်​အ​တူ မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။


မျက်​စိ​ကန်း​သော​အ​ကောင်​ကို ယဇ်​ပူ​ဇော်​လျှင် အ​ပြစ်​ရှိ​သည် မ​ဟုတ်​လော။ ခြေ​ဆွံ့​သော​အ​ကောင်​နှင့် နာ​သော​အ​ကောင်​ကို ယဇ်​ပူ​ဇော်​လျှင် အ​ပြစ်​ရှိ​သည် မ​ဟုတ်​လော။ မြို့​ဝန်​မင်း​အား ဆက်​ပါ​လော့။ မင်း၏​စိတ်​နှင့် တွေ့​လိမ့်​မည်​လော။ သင့်​မျက်​နှာ​ကို ထောက်​လိမ့်​မည်​လော​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ