Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 22:21 - Judson Bible in Zawgyi Version

21 သ​စ္စာ​က​တိ​ရှိ၍​ပြု​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ သိုး၊ ဆိတ်၊ နွား​ကို ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​လို​လျှင်၊ စိတ်​တော်​နှင့် တွေ့​ခြင်း​ငှာ​စုံ​လင်​ရ​မည်။ အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 တစ်စုံတစ်ယောက်​သည် ကတိသစ္စာဝတ်​ကို​ဖြေ​လို​လျှင်​၊ သို့မဟုတ် စေတနာ​အလျောက်​ပူဇော်​သော​ပူဇော်သက္ကာ​အဖြစ် နွားအုပ်​ထဲမှ​ဖြစ်စေ၊ သိုးအုပ်​ထဲမှ​ဖြစ်စေ ထာဝရဘုရား​အား မိတ်သဟာယယဇ်​ကို ပူဇော်​လို​လျှင် လက်ခံ​တော်မူ​မည့်​အကြောင်း အပြစ်အနာအဆာကင်း​သော​အကောင်​ကို ပူဇော်​ရ​မည်​။ အနာအဆာ မ​ရှိ​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 တစ်​စုံ​တစ်​ယောက်​သည်​ငါ့​အား​မိတ်​သ​ဟာ​ယ ယဇ်​ပူ​ဇော်​သည့်​အ​ခါ က​တိ​သစ္စာ​အ​လျောက် ပူ​ဇော်​လျှင်​ဖြစ်​စေ၊ စေ​တ​နာ​အ​လျောက် ပူ​ဇော်​လျှင်​ဖြစ်​စေ၊ ငါ​လက်​ခံ​နိုင်​ရန် ယဇ်​ကောင်​တွင်​အ​နာ​အ​ဆာ​ကင်း​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 22:21
13 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ယာ​ကုပ်​က၊ ဘု​ရား​သ​ခင်​သည် ငါ့​ဘက်၌​ရှိ​လျက်၊ ငါ​ယ​ခု​သွား​ရာ​လမ်း​မှာ၊ ငါ့​ကို​စောင့်​မ၍ စား​စ​ရာ​အ​စား၊ ဝတ်​စ​ရာ​အ​ဝတ်​ကို ပေး​သ​နား​တော်​မူ​လျှင်​လည်း​ကောင်း၊


ကျေး​ဇူး​ချီး​မွမ်း​ခြင်း​ယဇ်​ကို ဘု​ရား​သ​ခင်​အား​ပူ​ဇော်​လော့။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း၊ အ​မြင့်​ဆုံး​သော​အ​ရာ၌ သ​စ္စာ​ဝတ်​ကို​ဖြေ​လော့။


ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့်​မှာ​ထား​တော်​မူ​သော အ​လုပ်​အ​မျိုး​မျိုး​ရှိ​သ​မျှ​အ​ဖို့၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ကြည်​ညို​သော စေ​တ​နာ​စိတ်​နှိုး​ဆော်​သော ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​အား ကြည်​ညို​သော​စိတ်​နှင့် လှူ​ကြ၏။


ငါ၌ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​ရှိ၏။ ယ​နေ့ ငါ့​က​တိ​ဝတ်​ကို ငါ​ဖြေ​ပြီ။


မျက်​စိ​ကန်း​သော​အ​ပြစ်၊ အ​ရိုး​ကျိုး​သော​အ​ပြစ်၊ အင်္ဂါ​ချို့​တဲ့​သော​အ​ပြစ်၊ မြင်း​ဖု​ရှိ​သော​အ​ပြစ်၊ ဝဲ​နာ၊ ယား​နာ​စွဲ​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​ရှိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​အား မ​ပူ​ဇော်​ရ။ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သ​ကာ​မ​ပြု​ရ။


နွား​ကို​မိတ်​သ​ဟာ​ယ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​အ​မ တစ်​ကောင်​ကောင်​ကို၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ရ​မည်။


ထာ​ဝ​ရ​ဘု​ရား​အား သိုး၊ ဆိတ်​ကို၊ မိတ်​သ​ဟာ​ယ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​အ​မ တစ်​ကောင်​ကောင်​ကို​ဆက်​ရ​မည်။


သ​စ္စာ​က​တိ​ရှိ၍ ပူ​ဇော်​သော်​လည်း​ကောင်း၊ အ​လို​လို​ပူ​ဇော်​သော်​လည်း​ကောင်း၊ ပွဲ​သ​ဘင်​ခံ၍ ပူ​ဇော်​သော်​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော အ​ခြား​သော​ယဇ်​ကို မီး​ဖြင့်​ပူ​ဇော်၍ သိုး​နွား​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ကို​ပြု​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊


ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ​ယဇ်၊ သ​စ္စာ​က​တိ​ရှိ၍​ပူ​ဇော်​သော​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​ကို​ပြင်​ဆင်​လျှင်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ