ဝတ်ပြု 20:10 - Judson Bible in Zawgyi Version10 သူ့မယားကိုပြစ်မှားသောသူသည် မှားယွင်းသောမိန်းမနှင့်တကွ အသေသတ်ခြင်းကိုအမှန်ခံရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်10 တစ်စုံတစ်ယောက်သည် သူတစ်ပါး၏မယားနှင့်ဖြစ်စေ၊ မိမိအိမ်နီးချင်း၏မယားနှင့်ဖြစ်စေ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်လျှင် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်သောထိုယောက်ျားနှင့် ထိုမိန်းမသည် မုချအသတ်ခံရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version10 တစ်စုံတစ်ယောက်သည် ဣသရေလအမျိုးသား ချင်း၏မယားနှင့်ဖောက်ပြန်လျှင် သူတို့နှစ်ဦး စလုံးကိုသေဒဏ်စီရင်ရမည်။- အခန်းကိုကြည့်ပါ။ |
တစ်ဦးတည်းကိုသာ ဖန်ဆင်းတော်မူပြီမဟုတ်လော။ သို့သော်လည်း၊ ကိုယ်တော်၌ ဝိညာဉ်တော် အကျန်အကြွင်းရှိ၏။ အဘယ်ကြောင့် တစ်ဦးတည်းကိုသာ ဖန်ဆင်းတော်မူသနည်းဟူမူကား၊ ဘုရားသခင်နှင့် ထိုက်တန်သောအမျိုးကိုရှာ၍ ထိုသို့ ဖန်ဆင်းတော်မူ၏။ သို့ဖြစ်၍၊ ကိုယ်စိတ်သဘောကို ချုပ်တည်းကြလော့။ အသက်ပျိုစဉ်အခါ လက်ထပ်သောမယားကို သစ္စာဖျက်၍ မပြစ်မှားကြနှင့်။