Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 2:16 - Judson Bible in Zawgyi Version

16 ပွတ်​ယူ​သော​စ​ပါး​စေ့​အ​ချို့၊ ဆီ​အ​ချို့၊ လော​ဗန်​ရှိ​သ​မျှ​တည်း​ဟူ​သော ထို​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ အ​တွက်​အ​တာ​ကို၊ ယဇ်​ပု​ရော​ဟိတ်​သည် မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ယဇ်ပုရောဟိတ်​သည် လော်ဗန်​ရှိသမျှ​နှင့်တကွ ကြိတ်​ထား​သော​အစေ့​နှင့်​ဆီ​ထဲမှ ပူဇော်သက္ကာ​အမှတ်သညာ​ကို ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် ရှို့​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ယဇ်​ပု​ရော​ဟိတ်​သည်​ဆန်​နှင့်​ဆီ​အ​ထိမ်း​အ​မှတ် အ​ဖြစ် ဆန်​မှုန့်​နှင့်​ဆီ​အ​နည်း​ငယ်​ကို​ယူ​၍ အ​မွှေး​နံ့​သာ​ရှိ​သ​မျှ​နှင့်​တ​ကွ​ထာ​ဝ​ရ ဘု​ရား​အ​တွက်​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 2:16
12 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​သည် မီး​ရှို့​သော​နံ့​သာ​ပေါင်း​ကဲ့​သို့​လည်း​ကောင်း၊ လက်​ကို​ချီ​ခြင်း​သည် ညဥ့်​ဦး​ယံ ပူ​ဇော်​သ​ကာ​ကဲ့​သို့​လည်း​ကောင်း၊ ရှေ့​တော်၌ ပြင်​ဆင်​လျက်​ရှိ​ပါ​စေ​သော။


ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​မှာ တည်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သား​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ၊ ငါ့​ကို​ဘိ​သိက်​ပေး​တော်​မူ​ပြီ။ နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့၏ အ​နာ​ကို​စည်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖမ်း​သွား​ချုပ်​ထား​လျက် ရှိ​သော​သူ​တို့​အား လွှတ်​ခြင်း​အ​ကြောင်း​နှင့်၊ အ​ကျဉ်း​ခံ​လျက်​ရှိ​သော​သူ​တို့​အား ထောင်​တံ​ခါး​ဖွင့်​ခြင်း​အ​ကြောင်း​ကို ပြ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊


ခြေ​ထောက်​နှင့် အ​အူ​အ​စ​ရှိ​သည်​တို့​ကို ရေ​နှင့် အ​ရင်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​ယဇ်​တစ်​ကောင်​လုံး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ မီး​ရှို့​ရာ​ယဇ်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။


အ​ဦး​သီး​သော အ​သီး​အ​နှံ​ကို ပူ​ဇော်​သော​အ​မှု​မှာ၊ တ​ဆေး​နှင့်​ပျား​ရည်​ကို၊ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​သော်​လည်း၊ မွှေး​ကြိုင်​ရာ​ဖို့ ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​မ​ရှို့​ရ။


အ​ဦး​သီး​သော​အ​သီး​အ​နှံ​ကို၊ ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ စ​ပါး​နှံ​ကို အ​ရည်​စစ်​အောင် မီး​နား​မှာ​ထား၍၊ စ​ပါး​စေ့​ကို ပွတ်​ယူ​ပြီး​မှ၊


ဆီ​ကို​လောင်း၍၊ လော​ဗန်​ကို​တင်​လျက်၊ ပူ​ဇော်​သ​ကာ​ကို​ပြု​ရ​မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။


ထို​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ထဲ​က အ​တွက်​အ​တာ​ကို​နှိုက်​ယူ၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။


ထို​ခ​ရစ်​တော်​သည် လူ​ဇာ​တိ​အ​ဖြစ်၌ နေ​စဉ်​ကာ​လ၊ သေ​ခြင်း​မှ ကယ်​လွှတ်​နိုင်​တော်​မူ​သော​သူ​ကို၊ ကြီး​စွာ​သော ကြွေး​ကြော်​ခြင်း၊ မျက်​ရည်​ကျ​ခြင်း​နှင့် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သ​ဖြင့်၊ ကြောက်​ရွံ့​ရာ​အ​မှု၌ ချမ်း​သာ​ရ​သည်​ဖြစ်၍၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ