Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 14:4 - Judson Bible in Zawgyi Version

4 စင်​ကြယ်​စေ​ခြင်း​ကို​ခံ​ရ​သော ထို​သူ​အ​ဖို့၊ အ​သက်​ရှင်၍​စင်​ကြယ်​သော ငှက်​နှစ်​ကောင်၊ အာ​ရဇ်​သစ်​သား၊ နီ​မောင်း​သော​ကြိုး၊ ဟုဿုပ်​ပင်​ညွန့်​တို့​ကို မှာ​လိုက်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ယဇ်ပုရောဟိတ်​သည် စင်ကြယ်​စေ​ခြင်း​ခံ​မည့်​သူ​အတွက် စင်ကြယ်​သော​ငှက်​အရှင်​နှစ်​ကောင်​၊ သစ်ကတိုးသား​၊ အနီရောင်​ချည်​နှင့် ဟုဿုပ်ညွန့်​တို့​ကို ယူဆောင်​လာ​ရ​မည်​ဟု မိန့်မှာ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​သော​ငှက် နှစ်​ကောင်​နှင့်​တ​ကွ​သစ်​က​တိုး​သား၊ ကြိုး​နီ၊ ဟု​ဿုပ်​ပင်​ခက်​စ​သည်​တို့​ကို​ယူ​ဆောင်​စေ ခဲ့​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 14:4
11 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ ဟုဿုပ်​ပင်​ညွန့်​နှင့် သန့်​ရှင်း​ခြင်း​မင်္ဂ​လာ​ကို ပေး​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို မိုး​ပွင့်​ထက်​သာ၍ ဖြူ​စေ​ခြင်း​ငှာ ဆေး​ကြော​တော်​မူ​ပါ။


ဟုဿုပ်​ပင်​ညွန့်​တစ်​စည်း​ကို​ယူ၍ အင်​တုံ၌​ထည့်​သော အ​သွေး​ထဲ​မှာ​နှစ်​ပြီး​လျှင်၊ တံ​ခါး​ထုပ်​တံ​ခါး​တိုင်​နှစ်​ဖက်​တို့​ကို ထိုး​သုတ်​ကြ​လော့။ ထို​နောက်​မှ နံ​နက်​တိုင်​အောင် အ​ဘယ်​သူ​မျှ မိ​မိ​အိမ်​တံ​ခါး​ပြင်​သို့ မ​ထွက်​မ​သွား​ရ။


ထာ​ဝ​ရ​ဘု​ရား​အား ငှက်​ကို​မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ ခို​ဖြစ်​စေ၊ ချိုး​က​လေး​ဖြစ်​စေ ဆောင်​ခဲ့၍​ဆက်​ရ​မည်။


သိုး​သ​ငယ်​ကို​မ​တတ်​နိုင်​လျှင် ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို ဆောင်​ခဲ့၍၊ ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သ​ဖြင့်၊ သူ​သည်​သန့်​ရှင်း​ရ​လိမ့်​မည်။ ဤ​ရွေ့​ကား၊ သား​ယောက်ျား၊ သား​မိန်း​မ​ကို​ဖွား​မြင်​သော​အ​မိ​နှင့် ဆိုင်​သော​တ​ရား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။


စီး​သော​ရေ​ကို​ထည့်​သော​မြေ​အိုး​ထဲ၌ ငှက်​တစ်​ကောင်​ကို​သတ်​စေ​ပြီး​မှ၊


အာ​ရဇ်​သစ်​သား၊ နီ​မောင်း​သော​ကြိုး၊ ဟုဿုပ်​ပင်​ညွန့်​နှင့်​တ​ကွ အ​သက်​ရှင်​သော ငှက်​ကို​ယူ၍၊ ငှက်​သွေး​ရော​ပြီး​သော​ရေ၌ နှစ်​ပြီး​လျှင်၊


သိုး​သ​ငယ်​ကို မ​တတ်​နိုင်​လျှင်၊ ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ ခို​နှစ်​ကောင်၊ သို့​မ​ဟုတ် ချိုး​က​လေး​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်၊


စင်​ကြယ်​သော​သူ​သည်၊ ဟုဿုပ်​ပင်​ညွန့်​ကို ရေ၌​နှစ်၍​တဲ​ပေါ်​မှာ​လည်း​ကောင်း၊ တန်​ဆာ​များ၊ တဲ၌​ရှိ​သော​လူ​များ​ပေါ်​မှာ​လည်း​ကောင်း၊ လူ​သေ​အ​ရိုး၊ သတ်၍​သေ​သော​သူ၊ နာ၍​သေ​သော​သူ၊ လူ​သင်္ချိုင်း​ကို​ထိ​သော​သူ​ပေါ်​မှာ​လည်း​ကောင်း၊ ထို​ရေ​ကို​ဖျန်း​ရ​မည်။


ယဇ်​ပု​ရော​ဟိတ်​သည်​လည်း အ​ကာ​ရှ​သစ်​သား၊ ဟုဿုပ်​ပင်​ညွန့်​နှင့် နီ​မောင်း​သော​အ​ထည်​ကို ယူ၍၊ နွား​မ​မီး​လောင်​ရာ​ထဲ​သို့ ပစ်​ချ​ရ​မည်။


တ​ရား​တော်၌ ပါ​သ​မျှ​သော ပ​ညတ်​တို့​ကို မော​ရှေ​သည် လူ​အ​ပေါင်း​တို့​အား ဟော​ပြော​ပြီး​မှ၊ ရေ​နှင့်​ရော​နှော​သော​နွား၊ ဆိတ်၏​အ​သွေး​ကို​ယူ၍၊ အ​နီ​ဆိုး​သော သိုး​မွေး​တပ်​သော ဟုဿုပ်​ပင်​ညွန့်​နှင့်၊ ကျမ်း​စာ​ကို​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဖျန်း​လျက်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ