Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 14:28 - Judson Bible in Zawgyi Version

28 မိ​မိ​လက်၌​ကြွင်း​သော​ဆီ​ကို စင်​ကြယ်​စေ​ရ​သော​သူ၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း​ရှိ​သော ဒု​စ​ရိုက်​ဖြေ​ရာ ယဇ်​ကောင်​အ​သွေး​ပေါ်​မှာ​ထည့်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

28 ယဇ်ပုရောဟိတ်​သည် မိမိ​လက်ဖဝါး​ထဲ​ရှိ​ဆီ​အချို့​ကို စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​၏​ယာဘက်​နားပျဉ်း​၊ ယာဘက်​လက်မ​နှင့်​ယာဘက်​ခြေမ​ပေါ်၌ သုတ်လိမ်း​ထား​သော အပြစ်ဒဏ်ဖြေရာယဇ်ကောင်​၏​သွေး​ပေါ်၌ ထပ်၍​သုတ်လိမ်း​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

28 တစ်​ဖန်​သူ​သည်​သွေး​သုတ်​ပြီး​သော​နေ​ရာ များ​ဖြစ်​သည့်​လက်​ယာ​နား​ပျဉ်း၊ လက်​ယာ လက်​မ၊ လက်​ယာ​ခြေ​မ​တို့​တွင်​ဆီ​အ​နည်း ငယ်​သုတ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 14:28
5 ပူးပေါင်းရင်းမြစ်များ  

ထို​သိုး​ကို​သတ်​ပြီး​လျင် အ​သွေး​ကို​ယူ၍ အာ​ရုန်၏​လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ သူ၏​သား​တို့၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ သူ​တို့၏​လက်​ယာ​လက်​မ၌​လည်း​ကောင်း၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း ထည့်၍၊ ယဇ်​ပ​လ္လင်​အ​ပေါ်​ပတ်​လည်၌ ဖျန်း​ရ​မည်။


ထို​ဆီ​ကို မိ​မိ​လက်​ယာ​လက်​ညှိုး​နှင့် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း​ရ​မည်။


မိ​မိ၌​ကြွင်း​သေး​သော​ဆီ​ကို ထို​လူ​ခေါင်း​ပေါ်​မှာ​လောင်း၍၊ သူ့​အ​ဖို့​အ​ပြစ်​ဖြေ​ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပြု​ရ​မည်။


သိုး​သ​ငယ်​ကို မ​တတ်​နိုင်​လျှင်၊ ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ ခို​နှစ်​ကောင်၊ သို့​မ​ဟုတ် ချိုး​က​လေး​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်၊


သိုး​ကို​သတ်​ပြီး​မှ၊ မော​ရှေ​သည်​အ​သွေး​ကို​ယူ၍၊ အာ​ရုန်၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၌​လည်း​ကောင်း၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း ထည့်​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ