Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 14:22 - Judson Bible in Zawgyi Version

22 တတ်​နိုင်​သ​မျှ​အ​တိုင်း၊ ခို​နှစ်​ကောင်၊ သို့​မ​ဟုတ် ချိုး​က​လေး​နှစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို​လည်း​ကောင်း​ယူ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

22 ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို​လည်းကောင်း မိမိ​တတ်နိုင်​သည့်​အတိုင်း ယူဆောင်​လာ​ရ​မည်​။ တစ်​ကောင်​သည် အပြစ်ဖြေရာယဇ်​အတွက်​ဖြစ်​၍ ကျန်​တစ်​ကောင်​သည် မီးရှို့ရာယဇ်​အတွက်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

22 အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​မီး​ရှို့​ရာ​ယဇ် အ​တွက်​တစ်​ကောင်​စီ​ပူ​ဇော်​ရန် ချိုး​နှစ်​ကောင် သို့​မ​ဟုတ်​ခို​နှစ်​ကောင်​ကို​လည်း​ယူ​ခဲ့​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 14:22
11 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် တောင်​ကြား​မှာ နေ​ရာ​ကျ​လျက်၊ ငွေ​နှင့် မွမ်း​မံ​သော ချိုး​ငှက်​အ​တောင်​ကဲ့​သို့​လည်း​ကောင်း၊ နီ​သော​ရွှေ​နှင့် မွမ်း​မံ​သော အ​မွေး​ကဲ့​သို့​လည်း​ကောင်း၊ ဖြစ်​ကြ​လိမ့်​မည်။


တောင်​ပေါ်၌ ခို​လှုံ​ရာ​ကျောက်​ကြား​တွင်​ရှိ​သော ငါ၏​ချိုး​ငှက်၊ သင်၏​မျက်​နှာ​ကို​မြင်​ပါ​ရ​စေ။ သင်၏​စ​ကား​သံ​ကို ကြား​ပါ​ရ​စေ။ သင်၏​စ​ကား​သံ​သည် ချို၏။ သင်၏​မျက်​နှာ​လည်း လှ၏။


ငါ​သည် တီ​တီ​တွတ်​နှင့် ဇ​ရက်​ကဲ့​သို့ မြည်၍ ချိုး​ကဲ့​သို့ ညည်း​တွန်​ရ၏။ ငါ့​မျက်​စိ​တို့​သည် မျှော်​ကြည့်၍ အား​လျော့​ကြ​ပြီ။ အို ဘု​ရား​ရှင်၊ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော အ​ကျွန်ုပ်​ဘက်၌ နေ​တော်​မူ​ပါ။


ငါ​တို့​ရှိ​သ​မျှ​သည် ဝံ​ကဲ့​သို့​မြည်​တမ်း၍၊ ချိုး​ကဲ့​သို့ ညည်း​ညူ​ကြ၏။ တ​ရား​စီ​ရင်​ခြင်း​ကို မျှော်​လင့်​၍ မ​ရ​ကြ။ ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို မျှော်​လင့်​သော်​လည်း၊ ငါ​တို့​နှင့် ဝေး​လှ​၏။


မော​ဘ​ပြည်၌​နေ​သော သူ​တို့၊ မြို့​တို့​ကို​စွန့်၍ ကျောက်​ကြား၌ နေ​ကြ​လော့။ မြေ​တွင်း​ဝ​နား​မှာ အ​သိုက်​လုပ်​တတ်​သော ချိုး​ငှက်​ကဲ့​သို့ ပြု​ကြ​လော့။


သို့​ရာ​တွင် လွတ်​သော​သူ​တို့​သည် လွတ်​သော​အ​ခါ၊ အ​သီး​အ​သီး မိ​မိ​တို့​အ​ပြစ်​ကြောင့် စိတ်​မ​သာ ညည်း​တွား​လျက်၊ ချိုင့်​သား​ချိုး​ကဲ့​သို့ တောင်​ပေါ်​မှာ ရှိ​ကြ​လိမ့်​မည်။


ထို​သူ​သည်​ဆင်း​ရဲ၍ ဤ​မျှ​လောက်​မ​တတ်​နိုင်​လျှင်၊ ချီ​လွှဲ၍ မိ​မိ​အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​စ​ရာ​ဖို့၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ် သိုး​သ​ငယ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ဆီ​ရော​သော​မုန့်​ညက်​တစ်​ဩ​မဲ​နှင့် ဆီ​တစ်​လော​ဃ​ကို​လည်း​ကောင်း၊


ယဇ်​ပု​ရော​ဟိတ်​သည် ဒု​စ​ရိုက်​အ​ပြစ်​ဖြေ​ရာ ယဇ်​သိုး​သ​ငယ်​နှင့် ဆီ​တစ်​လော​ဃ​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ချီ​လွှဲ​ရာ၊ ပူ​ဇော်​သ​ကာ​ဖို့ ချီ​လွှဲ​ရ​မည်။


အ​ဋ္ဌ​မ​နေ့၌​လည်း၊ ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တံ​ခါး​နား​သို့​ဆောင်​ခဲ့၍၊ ယဇ်​ပု​ရော​ဟိတ်​အား​ပေး​ရ​မည်။


သိုး​သ​ငယ်​ကို မ​တတ်​နိုင်​လျှင်၊ ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ ခို​နှစ်​ကောင်၊ သို့​မ​ဟုတ် ချိုး​က​လေး​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်၊


အ​ဋ္ဌ​မ​နေ့၌ ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ဆောင်​ခဲ့​ရ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ