Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 14:17 - Judson Bible in Zawgyi Version

17 မိ​မိ​လက်၌​ကြွင်း​သော​ဆီ​ကို စင်​ကြယ်​စေ​ရ​သော သူ၏​လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း​ရှိ​သော ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကောင်​အ​သွေး​အ​ပေါ်​မှာ ထည့်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 မိမိ​၏​လက်ဖဝါး​ထဲမှ ကျန်​သော​ဆီ​အချို့​ကို စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​၏​ယာဘက်​နားပျဉ်း​၊ ယာဘက်​လက်မ​၊ ယာဘက်​ခြေမ​ပေါ်၌ သုတ်လိမ်း​ထား​သော အပြစ်ဒဏ်ဖြေရာယဇ်ကောင်​၏​သွေး​ပေါ်၌ ထပ်၍​သုတ်လိမ်း​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 တစ်​ဖန်​သူ​သည်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​နေ​သူ​၏ လက်​ယာ​နား​ပျဉ်း၊ လက်​ယာ​လက်​မ၊ လက် ယာ​ခြေ​မ​တို့​တွင်​လက်​ဖ​ဝါး​ထဲ​မှ​ဆီ နှင့်​သိုး​၏​သွေး​အ​နည်း​ငယ်​ဖြင့်​သုတ် ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 14:17
10 ပူးပေါင်းရင်းမြစ်များ  

ငါ့​ဝိ​ညာဉ်​ကို​လည်း သင်​တို့​အ​ထဲ​သို့ သွင်း​ပေး​သ​ဖြင့်၊ သင်​တို့​သည် ငါ၏​တ​ရား​လမ်း​သို့​လိုက်၍၊ ငါ​စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​ကြ​လိမ့်​မည်။


ယဇ်​ပု​ရော​ဟိတ်​သည် ဒု​စ​ရိုက်​အ​ပြစ်​ဖြေ​ရာ ယဇ်​ကောင်​အ​သွေး​ကို​ယူ၍ စင်​ကြယ်​စေ​ရ​သော​သူ၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း​ထည့်​ရ​မည်။


ထို​ဆီ​ကို မိ​မိ​လက်​ယာ​လက်​ညှိုး​နှင့်​တို့​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း​ရ​မည်။


မိ​မိ​လက်၌​ကြွင်း​သေး​သော​ဆီ​ကို၊ စင်​ကြယ်​စေ​ရ​သော​သူ၏​ခေါင်း​ပေါ်​မှာ လောင်း၍ ထို​သူအ​ဖို့​အ​ပြစ်​ဖြေ​ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပြု​ရ​မည်။


သိုး​ကို​သတ်​ပြီး​မှ၊ မော​ရှေ​သည်​အ​သွေး​ကို​ယူ၍၊ အာ​ရုန်၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၌​လည်း​ကောင်း၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း ထည့်​လေ၏။


တစ်​ဖန် ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော​အ​သွေး​နှင့် လိမ်း​ရန်​ဆီ​ကို​ယူ၍ အာ​ရုန်​နှင့် သူ၏​အ​ဝတ်၌​လည်း​ကောင်း၊ သူ၏​သား​တို့​နှင့် သူ​တို့​အ​ဝတ်၌​လည်း​ကောင်း​ဖျန်း​သ​ဖြင့်၊ အာ​ရုန်​မှ​စ၍ သား​များ၊ အ​ဝတ်​များ​တို့​ကို သန့်​ရှင်း​စေ​လေ၏။


ထို​သူ၏​ပြည့်​စုံ​ခြင်း​မှ​လည်း ကျေး​ဇူး​တစ်​ပါး၌ ထပ်​ဆင့်၍ ကျေး​ဇူး​တစ်​ပါး​ကို ငါ​တို့​ရှိ​သ​မျှ​သည်​ခံ​ရ​ကြ​ပြီ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ