ဝတ်ပြု 14:14 - Judson Bible in Zawgyi Version14 ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာ ယဇ်ကောင်အသွေးကိုယူ၍ စင်ကြယ်စေရသောသူ၏ လက်ယာနားပျဉ်း၌လည်းကောင်း၊ လက်ယာလက်မ၊ လက်ယာခြေမ၌လည်းကောင်းထည့်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်14 ယဇ်ပုရောဟိတ်သည် အပြစ်ဒဏ်ဖြေရာယဇ်ကောင်၏သွေးအချို့ကိုယူ၍ စင်ကြယ်စေခြင်းခံသောသူ၏ယာဘက်နားပျဉ်းပေါ်၌လည်းကောင်း၊ ယာဘက်လက်မနှင့် ယာဘက်ခြေမပေါ်၌လည်းကောင်း သုတ်လိမ်းရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version14 ယဇ်ပုရောဟိတ်သည်သန့်စင်ခြင်းဝတ်ကို ပြုနေသောသူ၏လက်ယာနားပျဉ်း၊ လက် ယာလက်မနှင့်လက်ယာခြေမတို့တွင်သိုး ၏သွေးဖြင့်သုတ်ရမည်။- အခန်းကိုကြည့်ပါ။ |
ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။-
ထိုသို့ငါဆိုသော်၊ သင်တို့သည် ဇာတိပကတိအတိုင်း ဉာဏ်နည်းသောကြာင့်၊ လောကီဝေါဟာရအားဖြင့် ဆိုသတည်း။ သင်တို့သည် မိမိတို့ကိုယ်အင်္ဂါများကို အဓမ္မအလိုငှာ ညစ်ညူးခြင်းတရား၊ အဓမ္မတရား၌ သွင်း၍ ကျွန်ခံစေဖူးသည်နည်းတူ၊ ယခုမှာ ကိုယ်အင်္ဂါများကိုသန့်ရှင်းခြင်းအလိုငှာ၊ ဖြောင့်မတ်ခြင်းတရား၌သွင်း၍ ကျွန်ခံစေကြလော့။-