Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 13:8 - Judson Bible in Zawgyi Version

8 ယား​နာ​တိုး​ပွား​သည်​ကို မြင်​သော​အ​ခါ၊ ထို​သူ​သည်​မ​စင်​ကြယ်​ဟု စီ​ရင်​ရ​မည်။ နူ​နာ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 ယဇ်ပုရောဟိတ်​သည်​လည်း ကြည့်ရှု​စစ်ဆေး​၍ ထို​သူ​၏​ပွေးဝဲယားနာ​သည် အရေပြား​ပေါ်၌ ပျံ့​နေ​လျှင် ယဇ်ပုရောဟိတ်​သည် ထို​သူ​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ ထို​အနာ​သည် အနာကြီးရောဂါ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​အ​နာ​ကို​ထပ်​မံ စစ်​ဆေး​၍​အ​နာ​ပြန့်​ပွား​လျက်​ရှိ​ကြောင်း တွေ့​ရ​လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ် ရေ​ပြား​ရော​ဂါ​ဖြစ်​သော​ကြောင့် ထို​သူ​အား မ​သန့်​ရှင်း​သူ​ဟူ​၍​အ​ဆုံး​အ​ဖြတ်​ပေး ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 13:8
9 ပူးပေါင်းရင်းမြစ်များ  

လူ​သည် ကိုယ်​အ​ရေ၌ အ​ဖု​ဖြစ်​စေ၊ ယား​နာ​ဖြစ်​စေ၊ နူ​ကွက်​ဖြစ်​စေ၊ နူ​သော​လ​က္ခ​ဏာ​ပေါ်​လျှင်၊ ထို​သူ​ကို ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​ထံ​သို့ ဖြစ်​စေ၊ သူ၏​သား ယဇ်​ပု​ရော​ဟိတ်​တစ်​စုံ​တစ်​ယောက်​ထံ​သို့​ဖြစ်​စေ ခေါ်​ခဲ့​ရ​မည်။


ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​သူ၏ အ​ရေ၌​ပေါ်​သော​အ​နာ​ကို ကြည့်​ရှု​သော​အ​ခါ၊ အ​နာ၌​ရှိ​သော အ​မွေး​သည်​ဖြူ​လျှင်​လည်း​ကောင်း၊ အ​နာ​သည် အ​ရေ​အောက်၌ စွဲ​ဟန်​ရှိ​လျှင်​လည်း​ကောင်း နူ​နာ​မှန်၏။ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​ကို​ကြည့်​ရှု​ပြီး​မှ၊ မ​စင်​ကြယ်​ဟု​စီ​ရင်​ရ​မည်။


စင်​ကြယ်​စေ​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​သည် ကြည့်​ရှု​ပြီး​မှ၊ နောက်​တစ်​ဖန် ယား​နာ​တိုး​ပွား​ပြန်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​ကြည့်​ရှု​ပြန်၍၊


နူ​နာ​စွဲ​သော​သူ​ကို ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ခေါ်​ခဲ့​ရ​မည်။


ငါ​နေ​သော​တပ်​ကို မ​ညစ်​ညူး​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နူ​သော​သူ၊ ရိ​နာ​စွဲ​သော​သူ၊ အ​သေ​ကောင်​ထိ၍ မ​စင်​ကြယ်​သော​သူ ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​ကို၊ တပ်​ပြင်​မှာ​နေ​ရာ​ချ​ထား ရ​မည်​အ​ကြောင်း ဆင့်​ဆို​လော့​ဟု


သင်​သည် ဤ​အ​မှု​အ​ရာ​နှင့် မ​ဆက်​ဆံ​သော​သူ​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ သင်၏​စိတ်​နှ​လုံး​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​ခြင်း​မ​ရှိ။-


လွှတ်​ခြင်း​အ​ခွင့်​ရှိ​သည်​ဟု ဝန်​ခံ​လျက်​ပင်၊ ကိုယ်​တိုင် ပုပ်​ပျက်​ခြင်း၏​ကျွန် ဖြစ်​ကြ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ လူ​ကို နိုင်​သော​အ​ရာ​သည် လူ၏​သ​ခင် ဖြစ်၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ