ဝတ်ပြု 13:4 - Judson Bible in Zawgyi Version4 ကိုယ်အရေ၌ရှိသော နူကွက်သည်ဖြူလျှင်လည်းကောင်း၊ အရေအောက်၌ စွဲဟန်မရှိ၊ အမွေးမဖြူလျှင်လည်းကောင်း၊ ယဇ်ပုရောဟိတ်သည်၊ အနာရှိသောသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်4 အကယ်၍ ကိုယ်ခန္ဓာအရေပြားပေါ်မှ အစက်အပြောက်သည် ဖြူနေ၍ အရေပြားအောက်သို့ရောက်နေဟန်မရှိ၊ အမွေးသည်လည်း မဖြူသွားလျှင် ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက် သီးခြားထားရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 သို့ရာတွင်အနာကွက်ဖြူသော်လည်း အမွေး မဖြူ၊ အနာကွက်လည်းချိုင့်နေဟန်မရှိလျှင် ယဇ်ပုရောဟိတ်သည် ထိုသူအားခုနစ်ရက် ပတ်လုံးသီးခြားနေထိုင်စေရမည်။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကလည်း၊ သူ၏အဘသည် သူ၏မျက်နှာကို တံတွေးနှင့် ထွေးရုံမျှသာပြုလျှင်၊ သူသည် ခုနစ်ရက်ပတ်လုံး အရှက်ကွဲခြင်းကို ခံရမည်မဟုတ်လော။ ယခုတွင် သူ့ကိုနှင်ထုတ်၍ ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာနေစေ။ ထိုနောက်မှ တပ်ထဲသို့တစ်ဖန်ဝင်စေဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊
ထိုသို့ဖြစ်လျှင် မှောင်မိုက်၌ ဝှက်ထားသောအရာတို့ကို ပွင့်လင်းစေ၍ စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေလတ္တံ့သော သခင်ဘုရား ကြွလာတော်မမူမီ တိုင်အောင် အဘယ်အမှုကိုမျှ အဆုံးအဖြတ် မစီရင်ကြနှင့်။ ကြွလာတော်မူသောအခါ၊ အသီးအသီးတို့သည် ဘုရားသခင် ချီးမွမ်းတော်မူခြင်းကျေးဇူးကို ခံရကြလတ္တံ့။