ဝတ်ပြု 10:9 - Judson Bible in Zawgyi Version9-11 သင်နှင့် သင်၏သားတို့သည် သေဘေးနှင့်ကင်းလွတ်ခြင်းငှာလည်းကောင်း၊ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာ၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကို ပိုင်းခြားတတ်ခြင်းငှာလည်းကောင်း၊ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားသမျှသောပညတ်တို့ကို ဣသရေလအမျိုးသားတို့၌ သွန်သင်တတ်ခြင်းငှာလည်းကောင်း၊ ပရိသတ်စည်းဝေးရာတဲတော်သို့ ဝင်သောအခါ၊ စပျစ်ရည်အစရှိသော ယစ်မျိုးကိုမသောက်နှင့်။ သင်တို့အမျိုးအစဉ်အဆက် စောင့်ရသောပညတ်ဖြစ်သတည်းဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်9 “သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ကား သင်တို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ မသေကြရမည့်အကြောင်း သင်နှင့်သင်၏သားတို့သည် စပျစ်ဝိုင်၊ သေရည်သေရက်တို့ကိုမသောက်ရ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version9 ``သင်နှင့်သင်၏သားတို့သည်စပျစ်ရည် သို့ မဟုတ်သေရည်သေရက်ကိုသောက်၍တဲတော် ထဲသို့မဝင်ရ။ ထိုသို့ပြုလျှင်သင်တို့သေရ မည်။ ဤပညတ်ကိုသင်တို့၏အဆက်အနွယ် အားလုံးစောင့်ထိန်းရကြမည်။- အခန်းကိုကြည့်ပါ။ |
သို့သော်လည်း၊ ထိုသူတို့သည် စပျစ်ရည်ကြောင့် မှားယွင်းကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့သည် သေရည်သေရက်ကြောင့် မှားယွင်းကြပြီ။ စပျစ်ရည်နှင့် မွှန်ကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။ ဗျာဒိတ်ခံသည်အရာ၌ မှားယွင်းလျက်၊ တရားစီရင်သည်အရာ၌ ထိမိ၍ လဲလျက်နေကြ၏။