ဝတ်ပြု 10:1 - Judson Bible in Zawgyi Version1 အာရုန်၏သားနာဒပ်နှင့် အဘိဟုတို့သည်၊ ကိုယ်စီဆိုင်သောလင်ပန်းတို့ကိုယူလျက်၊ မီးကိုထည့်၍ လောဗန်ကိုတင်ပြီးလျှင်၊ ထာဝရဘုရားမှာထားတော်မူသော မီးမဟုတ်၊ ထူးခြားသောမီးကို ရှေ့တော်၌ပူဇော်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်1 အာရုန်၏သားနာဒပ်နှင့်အဘိဟုတို့သည် မိမိတို့၏မီးကျီးခံဗန်းကို ကိုယ်စီယူ၍ မီးထည့်ကာ ထိုမီးပေါ်၌ နံ့သာပေါင်းကိုတင်ပြီးလျှင် သူတို့အား မိန့်မှာထားတော်မူသောမီးမဟုတ်သည့် အခြားသောမီးကို ထာဝရဘုရားရှေ့တော်၌ ပူဇော်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 အာရုန်၏သားများဖြစ်ကြသောနာဒပ်နှင့် အဘိဟုတို့သည် မိမိတို့တစ်ဦးစီနှင့်ဆိုင်ရာ မီးကျီးခံလင်ပန်းကိုယူ၍မီးသွေးမီးထည့် ပြီးလျှင် နံ့သာကိုဖြူးလျက်ထာဝရဘုရား အားပူဇော်ကြ၏။ သို့ရာတွင်ယင်းသို့ပူဇော် ရန်ထာဝရဘုရားကသူတို့အားအမိန့် မပေးသောကြောင့် ထိုမီးသည်သန့်ရှင်းသော မီးမဟုတ်၊- အခန်းကိုကြည့်ပါ။ |
သူတို့သားသမီးတို့ကို မောလုပ်ဘုရားအားပူဇော်ခြင်းငှာ၊ ဟိန္နုံသား၏ချိုင့်၌ရှိသော ဗာလဘုရား၏ကုန်းတို့ကို တည်လုပ်ကြပြီ။ ယုဒအမျိုးအပေါ်သို့ အပြစ်ရောက်စေခြင်းငှာ၊ ထိုမျှလောက် စက်ဆုပ်ရွံရှာဖွယ်သော အမှုကို ငါမမှာထား၊ ငါအလျှင်းအလိုမရှိဘဲ ပြုကြပြီဟု ထာဝရဘုရား မိန့်တော်မူ၏။