မြည်တမ်းစကား 4:7 - Judson Bible in Zawgyi Version7 သူ၏မှူးမတ်တို့သည် မိုးပွင့်ထက်သန့်ရှင်း၍၊ နို့ရည်ထက်လည်း ဖြူကြ၏။ သူတို့အသားသည် ကျောက်နီထက် နီ၏။ သွေးကြောလည်း နီလာနှင့်တူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်7 သူ၏အကြီးအကဲတို့သည် နှင်းပွင့်ထက်စင်ကြယ်၍ နို့ရည်ထက်ဖြူခဲ့၏။ သူတို့၏အသားအရေသည် ပတ္တမြားထက်နီ၏။ နီလာကဲ့သို့ တောက်ပသောအဆင်း ရှိခဲ့၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version7 ငါတို့၏မင်းညီမင်းသားများသည်ညစ်ညမ်း မှုမရှိ။ မိုးပွင့်ကဲ့သို့ဖြူစင်သန့်ရှင်းကြ၏။ သူတို့သည်အသားအရည်စိုပြေ ကျန်းမာလျက် ခွန်အားတောင့်တင်းသန်မာကြကုန်သည်။ အခန်းကိုကြည့်ပါ။ |
သူကလည်း၊ သင်သည် ပဋိသန္ဓေယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သောအစာကို မစားနှင့်။ အကြောင်းမူကား၊ ထိုသူငယ်သည် အမိဝမ်းထဲမှစ၍ သေသောနေ့တိုင်အောင် ဘုရားသခင်၏နာဇရိလူဖြစ်ရလိမ့်မည်ဟု အကျွန်ုပ်အား မိန့်မြွက်ကြောင်းကို ပြောဆိုလေ၏။