Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 9:27 - Judson Bible in Zawgyi Version

27 ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌​တည်​သော ယဇ်​ပ​လ္လင်​တော်​အ​ဖို့​နှင့် ပ​ရိ​သတ်​တော်​အ​ဖို့ ထို​သူ​တို့​သည် ယ​နေ့​တိုင်​အောင် ထင်း​ခုတ်၍​ရေ​ခပ်​ရ​မည်​အ​ကြောင်း၊ ထို​နေ့၌ စီ​ရင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

27 ထို​နေ့​၌ပင် သူ​တို့​ကို ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​အရပ်​၌​တည်​သော​ယဇ်ပလ္လင်​နှင့် အစ္စရေး​လူထု​အတွက် ထင်း​ခွေ​၊ ရေ​ခပ်​သော​သူ​များ​အဖြစ် ယောရှု​စီရင်​ပေး​ထား​၍ ယနေ့​တိုင်အောင် ထို​အမှု​ကို သူ​တို့​ပြု​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

27 တစ်​ချိန်​တည်း​၌​ပင်​သူ​တို့​အား​ကျွန်​များ အ​ဖြစ်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့် ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင်​အ​တွက်​ရေ​ခပ် ထင်း​ခုတ်​သည့်​အ​လုပ်​ကို​လုပ်​စေ​၏။ ယ​နေ့ တိုင်​အောင်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး ချယ်​သော​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တွင် ရေ​ခပ်​ထင်း​ခုတ်​သည့်​အ​လုပ်​ကို​လုပ်​ရ ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 9:27
9 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​သည် ကိုယ်​တော်​လို​ချင်​သ​မျှ​သော သစ်​သား​ကို၊ လေ​ဗ​နုန်​တောင်​ပေါ်​မှာ ခုတ်​ပြီး​လျှင် ဖောင်​လုပ်၍ ပင်​လယ်​လမ်း​ဖြင့်၊ ယု​ပ္ပေ​မြို့​သို့ ဆောင်​ခဲ့​ပါ​မည်။ ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သယ်​ပို့​ရ​မည်​ဟု ပြန်​ပြော၏။


စစ်​တိုက်​သွား​သော စစ်​သူ​ရဲ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​အား ပေး​ရ​သော​အ​ခွန်​ကို​ခွဲ၍ လူ၊ နွား၊ မြည်း၊ သိုး​အ​ကောင်​ငါး​ရာ​တွင် တစ်​ကောင်​ကို ကောက်​ယူ​ပြီး​လျှင်၊


ဣ​သ​ရေ​လ​အ​မျိုး​သား​ခံ​ရ​သော ထက်​ဝက်​အ​ဖို့​ထဲ​က​လည်း လူ၊ နွား၊ မြည်း၊ သိုး​အ​စ​ရှိ​သော တိ​ရ​စ္ဆာန်​မျိုး​အ​ကောင်​ငါး​ဆယ်​တို့​တွင် တစ်​ကောင်​ကို​ကောက်​ယူ၍ ထာ​ဝ​ရ​ဘု​ရား၏ တဲ​တော်​ကို​စောင့်​သော လေ​ဝိ​သား​တို့​အား​ပေး​ရ​မည်​ဟု၊


ဣ​သ​ရေ​လ​အ​မျိုး​သား​ခံ​ရ​သော ထက်​ဝက်​အ​ဖို့ လူ၊ တိ​ရ​စ္ဆာန် အ​ကောင်​ငါး​ဆယ်​တို့​တွင် တစ်​ကောင်​ကို မော​ရှေ​ကောက်​ယူ၍ ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​ကို​စောင့်​သော လေ​ဝိ​သား​တို့​အား​ပေး၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ၏။


နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ် ရှိ​ရ​မည်။ ထို​အ​ရပ်​သို့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့​ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ရှိ​သည်​အ​တိုင်း၊ မြတ်​သော​ပူ​ဇော်​သ​ကာ​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။


သင်​တို့​အ​မျိုး​တစ်​မျိုး​တွင် ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်၍၊ ငါ​မှာ​ထား​သ​မျှ​တို့​ကို ပြု​ရ​ကြ​မည်။


သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​အ​မျိုး​အ​နွယ်​ရှိ​သ​မျှ​တို့​တွင် နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​ကို ရှာ၍​လာ​ရ​ကြ​မည်။


အ​ကဲ​အ​မှူး​များ က​တိ​ရှိ​သည်​အ​တိုင်း အ​သက်​ချမ်း​သာ​ပေး၍၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ဖို့ ထင်း​ခုတ်​သော​သူ၊ ရေ​ခပ်​သော​သူ ဖြစ်​စေ​ရ​မည်​ဟု ပ​ရိ​သတ်​အ​ပေါင်း​တို့​အား ပြန်​ပြော​ကြ၏။


ထို​သို့​နှင့်​အ​ညီ ယော​ရှု​သည်​ပြု၍၊ သူ​တို့​ကို အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​လူ​တို့​လက်​မှ ကယ်​နုတ်​သ​ဖြင့်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ