Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 9:16 - Judson Bible in Zawgyi Version

16 မိတ်​သ​ဟာ​ယ​ဖွဲ့၍ သုံး​ရက်​လွန်​သော​အ​ခါ၊ ထို​သူ​တို့​သည် အိမ်​နီး​ချင်း​ဖြစ်၍၊ အ​နား​မှာ​နေ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကြား​သိ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ထိုသို့ အစ္စရေး​လူမျိုး​တို့​သည် သူ​တို့​နှင့်​ကတိသစ္စာ​ပြု​ပြီး သုံး​ရက်​လွန်​သောအခါ ထို​သူ​တို့​သည် မိမိ​တို့​၏​အနီးအနား​၌​နေ​သော​အိမ်နီးချင်း​ပြည်သား​များ​ဖြစ်​နေ​သည်​ကို သိ​ရ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငြိမ်း​ချမ်း ရေး​စာ​ချုပ်​ချုပ်​ဆို​ပြီး​နောက်​သုံး​ရက်​ကြာ သော​အ​ခါ​ထို​သူ​တို့​သည် မိ​မိ​တို့​အ​နီး အ​နား​တွင်​နေ​ထိုင်​သူ​များ​ဖြစ်​ကြောင်း ကြား​သိ​ရ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 9:16
5 ပူးပေါင်းရင်းမြစ်များ  

သ​စ္စာ​နှုတ်​ခမ်း​သည် အ​စဉ်​အ​မြဲ​တည်၏။ မု​သား​လျှာ​မူ​ကား ခ​ဏ​သာ​တည်၏။


ယော​ရှု​သည်​လည်း သူ​တို့​ကို​စစ်​မှု​နှင့်​လွတ်​စေ၍၊ အ​သက်​ချမ်း​သာ​စေ​မည်​အ​ကြောင်း မိတ်​သ​ဟာ​ယ​ဖွဲ့၏။ ပ​ရိ​သတ်​မင်း​တို့​သည်​လည်း ကျိန်​ဆို​ခြင်း​ကို ပြု​ကြ၏။


ခ​ရီး​သွား၍ သုံး​ရက်​မြောက်​သော​နေ့၌ သူ​တို့​မြို့​ရွာ​သို့ ရောက်​ကြ၏။ သူ​တို့​မြို့​ကား ဂိ​ဗောင်​မြို့၊ ခေ​ဖိ​ရာ​မြို့၊ ဗေ​ရုတ်​မြို့၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​တည်း။


ယော​ရှု​သည်​လည်း သူ​တို့​ကို​ခေါ်၍၊ သင်​တို့​သည် ငါ​တို့​အ​နား​မှာ​နေ​လျက်​ပင်၊ ဝေး​သော​အ​ရပ်​က​လာ​ပါ​ပြီ​ဟု​ဆို၍ ငါ​တို့​ကို အ​ဘယ်​ကြောင့်​လှည့်​စား​ကြ​သ​နည်း။


သူ​တို့​က၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကြောင့် ကိုယ်​တော်​ကျွန်​တို့​သည် အ​လွန်​ဝေး​သော​ပြည်​က လာ​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏ သ​တင်း​တော်​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၌ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ