Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 9:10 - Judson Bible in Zawgyi Version

10 ယော်​ဒန်​မြစ် အ​ရှေ့​ဘက်၌​နေ​သော အာ​မော​ရိ​မင်း​ကြီး၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်၊ အာ​ရှ​တ​ရုတ်​မြို့​မှာ​နေ​သော ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​တို့၌ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း ကြား​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ အာမောရိ​လူမျိုး​တို့​၏​ရှင်ဘုရင်​နှစ်​ပါး​ဖြစ်​သော ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​နှင့် အာရှတရုတ်​မြို့​၌​နေ​သော ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​တို့​၌ ပြု​တော်မူ​ခဲ့​သမျှ​တို့​ကို​လည်းကောင်း ကြားသိ​သောအခါ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​စိုး​စံ​သော​အာ မော​ရိ​မင်း​နှစ်​ပါး​ဖြစ်​သည့် ဟေ​ရှ​ဘုန်​ဘု​ရင် ရှိ​ဟုန်​နှင့်​အာ​ရှ​တ​ရုတ်​မြို့​၌​နန်း​စိုက်​သော ဗာ​ရှန်​ဘု​ရင်​သြ​ဃ​တို့​အား မည်​ကဲ့​သို့​နှိမ် နင်း​ခဲ့​ကြောင်း​ကို​လည်း​ကောင်း​အ​ကျွန်ုပ်​တို့ ကြား​ရ​ပါ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 9:10
13 ပူးပေါင်းရင်းမြစ်များ  

တစ်​ဆယ်​လေး​နှစ်​မြောက်​လျှင်၊ ခေ​ဒေါ​ရ​လော​မာ​မင်း​သည်၊ မိ​မိ​ဘက်​က​နေ​သော မင်း​ကြီး​တို့​နှင့်​တ​ကွ​လာ၍၊ အာ​ရှ​တ​ရုတ်​ကာ​နိမ်​မြို့၌၊ ရေ​ဖိမ်​လူ​များ​ကို​လည်း​ကောင်း၊ ဟာ​မ​မြို့၌ ဇူ​ဇိမ်​လူ​များ​ကို​လည်း​ကောင်း၊ ကိ​ရ​ယ​သိမ်​ချိုင့်၌ ဧ​မိမ်​လူ​များ​ကို​လည်း​ကောင်း၊


ဂေ​ရ​ရှုံ​သား​တို့​အား​လည်း၊ မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က ဗာ​ရှန်​ပြည် ဂေါ​လန်​မြို့​နှင့် မြို့​နယ်၊ အာ​ရှ​တ​ရုတ်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊


မော​ရှေ​သည် ကာ​ဒေ​ရှ​အ​ရပ်​မှ ဧ​ဒုံ​ရှင်​ဘု​ရင်​ထံ​သို့ သံ​တ​မန်​တို့​ကို​စေ​လွှတ်၍၊ ကိုယ်​တော့်​ညီ ဣ​သ​ရေ​လ​က၊ အ​ကျွန်ုပ်​တို့​တွေ့​ရ​သော အ​မှု​အ​လုံး​စုံ​တည်း​ဟူ​သော၊


ကျွန်ုပ်​တို့​လျှောက်​သွား​ရ​သော​အ​ခွင့်​ကို ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်​မင်း​သည် မ​ပေး။ အ​ကြောင်း​မူ​ကား၊ ယ​နေ့​ထင်​ရှား​သည်​အ​တိုင်း၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ထို​မင်း​ကို သင်​တို့​လက်၌​အပ်​ခြင်း​ငှာ၊ ခက်​ထန်​သော စိတ်​သ​ဘော၊ ခိုင်​မာ​သော​နှ​လုံး​ကို သူ၌​ပေး​သွင်း​တော်​မူ၏။


ဟေ​ရ​မုန်​တောင်​နှင့် သာ​လ​က​ပြည်​ကို​လည်း​ကောင်း၊ ဂေ​ရှု​ရိ​လူ၊ မာ​ခါ​သိ​လူ​နေ​သော ပြည်​စွန်း​တိုင်​အောင် ဗာ​ရှန်​ပြည် တစ်​လျှောက်​လုံး​ကို​လည်း​ကောင်း၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်​ပိုင်​သော နိုင်​ငံ​စွန်း​တိုင်​အောင် ဂိ​လဒ်​ပြည်​တစ်​ဝက်​ကို​လည်း​ကောင်း အ​စိုး​ရ၍၊ အာ​ရှ​တ​ရုတ်​မြို့၊ ဧ​ဒြိ​မြို့၌​နေ​သော အ​လွန်​ကြီး​မား​သော​လူ​မျိုး​ထဲ​က ကျန်​ကြွင်း​သော​သူ ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ​တစ်​ပါး၊


ဂိ​လဒ်​ပြည်​တစ်​ဝက်၊ ဗာ​ရှန်​ပြည်၌ ဩ​ဃ၏​နိုင်​ငံ​အ​ဝင်၊ အာ​ရှ​တ​ရုတ်​မြို့​နှင့် ဧ​ဒြိ​မြို့​တို့​ကို မ​နာ​ရှေ​သား မာ​ခိ​ရ၏​သား​မြေး​တစ်​ဝက် အ​ဆွေ​အ​မျိုး​အ​လိုက် ပိုင်​ရ​ကြ၏။


သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော​အ​ခါ၊ ဧ​ဒုံ​ပင်​လယ်​ရေ​ကို ထာ​ဝ​ရ​ဘု​ရား ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌​နေ၍ သင်​တို့ ရှင်း​ရှင်း​ဖျက်​ဆီး​သော အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​နှင့် ဩ​ဃ​တို့၌ သင်​တို့​ပြု​သော​အ​မှု​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​ကြား​ရ​ကြ​ပြီ။


ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား ဤ​ပြည်​ကို ပေး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​ကို ငါ​တို့​ကြောက်​လန့်​အား​ကြီး၍ သင်​တို့​ကြောင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​ကြောင်း​ကို​လည်း​ကောင်း ကျွန်​မ​သိ​ပါ၏။


ထို​ကြောင့် အ​ကျွန်ုပ်​တို့၌ အ​သက်​ကြီး​သော​သူ​တို့​နှင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​က၊ လမ်း​ခ​ရီး​ရိ​က္ခာ​ကို​ယူ၍ သူ​တို့​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ သွား​ကြ​လော့။ ငါ​တို့​သည် သူ​တို့၏​ကျွန်​ဖြစ်​ကြောင်း​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​ပါ​မည်​အ​ကြောင်း​ကို လျှောက်​ထား​ကြ​လော့​ဟု မှာ​လိုက်​ပါ​ပြီ။


သူ​တို့​က၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကြောင့် ကိုယ်​တော်​ကျွန်​တို့​သည် အ​လွန်​ဝေး​သော​ပြည်​က လာ​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏ သ​တင်း​တော်​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၌ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ