Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 8:33 - Judson Bible in Zawgyi Version

33 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကောင်း​ချီး​ပေး​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​မှာ​ထား​ခဲ့​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး၊ ဗိုလ်​မင်း၊ တ​ရား​သူ​ကြီး​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​ထမ်း​သော ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​နှစ်​ဖက်၌ ရပ်၍၊ အ​မျိုး​သား​စစ်​နှင့် တစ်​ကျွန်း​နိုင်​ငံ​သား​ပါ​လျက်၊ ဂေ​ရ​ဇိမ်​တောင်​ပေါ်​မှာ လူ​တစ်​ဝက်၊ ဧ​ဗ​လ​တောင်​ပေါ်​မှာ တစ်​ဝက်​တို့​သည် နေ​ကြ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

33 အစ္စရေး​လူမျိုး​တို့​အား ကောင်းချီးပေး​မည့်​အကြောင်း ထာဝရဘုရား​၏​အစေအပါး​မောရှေ​က မိန့်မှာ​ထား​ခဲ့​သည့်​အတိုင်း အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် တိုင်းတစ်ပါးသား​များ​၊ အမျိုးသားချင်း​များ​ပါ​လျက် သက်ကြီးဝါကြီး​များ​၊ ကြီးကြပ်အုပ်ချုပ်သူ​များ​၊ တရားသူကြီး​များ​နှင့်အတူ သေတ္တာ​တော်​တစ်ဖက်တစ်ချက်​၊ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ထမ်း​ရ​သော​လေဝိ​အနွယ်ဝင်​ယဇ်ပုရောဟိတ်​တို့​ရှေ့​၌​ရပ်​ကြ​၏​။ ဂေရဇိမ်​တောင်​အရှေ့​တွင် တစ်ဝက်​၊ ဧဗလ​တောင်​အရှေ့​တွင် တစ်ဝက် ရပ်​နေ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

33 ခေါင်း​ဆောင်​များ၊ အ​ရာ​ရှိ​များ၊ တ​ရား​သူ​ကြီး များ​မှ​စ​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ယင်း​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​တို့​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​သော လေ​ဝိ အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​၏​တစ်​ဘက် တစ်​ချက်၊ သေတ္တာ​တော်​၏​ဝဲ​ယာ​၌​လူ​စု​ခွဲ​၍ ရပ်​နေ​ကြ​၏။ လူ​ဦး​ရေ​တစ်​ဝက်​တို့​သည် ဂေ​ရ​ဇိန်​တောင်​ကို​ကျော​ပေး​၍​ကျန်​တစ် ဝက်​တို့​သည်​ဧ​ဗ​လ​တောင်​ကို​ကျော​ပေး လျက်​ရပ်​နေ​ကြ​သည်။ သူ​တို့​သည်​ကောင်း​ချီး မင်္ဂလာ​ကို​ခံ​ယူ​သော​အ​ခါ​ထို​သို့​လိုက်​နာ ဆောင်​ရွက်​ရ​မည်​ဟူ​၍​ထာ​ဝ​ရ​ဘု​ရား​၏ အ​စေ​ခံ​မော​ရှေ​မိန့်​မှာ​ခဲ့​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 8:33
22 ပူးပေါင်းရင်းမြစ်များ  

အ​မျိုး​သား​ချင်း​ဖြစ်​သော​သူ၊ သင်​တို့​တွင်​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ​တို့​သည်၊ တစ်​ပါး​တည်း​သော​တ​ရား​နှင့်​ဆိုင်​ကြ၏​ဟု ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်၌ ပ​ညတ်​ထား​တော်​မူ၏။


ကိုယ်​အ​မျိုး​သား​ဖြစ်​စေ၊ သူ​တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ တစ်​ပါး​တည်း​သော​တ​ရား​နှင့်​သာ စီ​ရင်​ခြင်း​ကို​ခံ​ရ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။


ပ​ရိ​သတ်​အ​ဝင်​ဖြစ်​သော​သူ၊ သင်​တို့​တွင်​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ​တို့​သည်၊ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော တစ်​ပါး​တည်း​သော​ထုံး​စံ​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သင်​တို့​သည်​ဖြစ်​သည်​နည်း​တူ သူ​သည်​လည်း ဖြစ်​ရ​မည်။


သင်​တို့​ကိုယ်​တိုင်​မှ​စ၍ သင်​တို့​တွင်​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် တစ်​ပါး​တည်း​သော​တ​ရား၊ တစ်​ပါး​တည်း​သော​ထုံး​စံ​ရှိ​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​သော​သူ၊ တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ​တို့​သည် သ​တိ​လစ်၍​ပြစ်​မှား​သော​အ​ခါ၊ တစ်​ပါး​တည်း​သော တ​ရား​ကို​စောင့်​ရ​ကြ​မည်။


အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​သည် ဤ​တောင်​ပေါ်၌ ကိုး​ကွယ်​လေ့​ရှိ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့၌​သာ ကိုး​ကွယ်​ရ​မည်​ဟု သင်​တို့​သည် ဆို​တတ်​ကြ၏​ဟု လျှောက်​လျှင်၊-


သင်​တို့​သည်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​သို့ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​ဆောင်​သွင်း​တော်​မူ​ပြီး​မှ၊ ကောင်း​ချီး​မင်္ဂ​လာ​ကို ဂေ​ရ​ဇိမ်​တောင်​ပေါ်၌​လည်း​ကောင်း၊ ကျိန်​ခြင်း​ကို ဧ​ဗ​လ​တောင်​ပေါ်၌​လည်း​ကောင်း တင်​ထား​ရ​ကြ​မည်။


ယောက်ျား၊ မိန်း​မ၊ သူ​ငယ်​များ၊ တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​များ​တို့​သည် ကြား၍ နား​လည်​သ​ဖြင့်၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍၊ ဤ​ပ​ညတ်​တ​ရား စ​ကား​အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ပ​ရိ​သတ်​တို့​ကို စု​ဝေး​စေ​ကြ​လော့။


ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ထမ်း​သော လေ​ဝိ​သား​တို့​ကို​ခေါ်၍၊


ဤ​ပ​ညတ်​တ​ရား​ကို မော​ရှေ​သည်​ရေး​ထား၍ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သော လေ​ဝိ​သား​ယဇ်​ပု​ရော​ဟိတ်​များ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​များ အ​ပေါင်း​တို့၌​အပ်၍၊


ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ၊ အ​ကဲ​အ​မှူး၊ တ​ရား​သူ​ကြီး၊ အ​ရာ​ရှိ​သော​သူ​များ​နှင့်​တ​ကွ အ​မျိုး​သား​အ​ပေါင်း​တို့​ကို ခေါ်​ပြီး​လျှင်၊ ငါ​သည် အ​သက်​ကြီး​ရင့်၍ အို​မင်း​ပြီ။


တစ်​ဖန် ယော​ရှု​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့​ကို ရှေ​ခင်​မြို့၌ စည်း​ဝေး​စေ၍၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ၊ အ​ကဲ​အ​မှူး၊ တ​ရား​သူ​ကြီး၊ အ​ရာ​ရှိ​သော သူ​တို့​ကို​ခေါ်​သ​ဖြင့်၊ သူ​တို့​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​သို့ ချဉ်း​ကပ်​ကြ၏။


လူ​များ​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး​အံ့​သော​ငှာ၊ တဲ​တို့​မှ​ပြောင်း၍ ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် လူ​များ​ရှေ့​မှာ​သွား​လျက်၊


သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​လည်း​ကောင်း၊ သေ​တ္တာ​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း​မြင်​လျှင်၊ သင်​တို့​သည် နေ​ရာ​ပြောင်း၍ လိုက်​ရ​ကြ​မည်။


တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ခေါ်၍ သင်​တို့​သည် ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ထမ်း​လျက်၊ လူ​များ​ရှေ့​သို့ ကူး​သွား​ကြ​လော့​ဟု ယော​ရှု​ဆို​သည်​အ​တိုင်း သူ​တို့​သည် ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း၍ လူ​များ​ရှေ့​သို့​သွား​ကြ၏။


ယော​ရှု​သည် မော​ရှေ​မှာ​ထား​သည်​အ​တိုင်း၊ လူ​များ​တို့​အား​ဆင့်​ဆို​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သ​မျှ​တို့​ကို အ​ကုန်​အ​စင်​ပြု​သည်​တိုင်​အောင် သေ​တ္တာ​တော်​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ ယော်​ဒန်​မြစ်​အ​လယ်၌ ရပ်​နေ​ကြ၏။ လူ​များ​တို့​သည်​လည်း ကြိုး​စား၍​ကူး​ကြ၏။


ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ ယော်​ဒန်​မြစ်​အ​လယ်​ထဲ​က တက်​လာ၍၊ ခြေ​ဖ​ဝါး​တို့​သည် ကုန်း​ကို​နင်း​မိ​ကြ​သော​အ​ခါ၊ ယော်​ဒန်​မြစ်​ရေ​သည် မိ​မိ​နေ​ရာ​သို့ ပြန်​လာ၍၊ အ​ရင်​ကဲ့​သို့ ကမ်း​တစ်​လျှောက်​လုံး​ကို လျှံ​လျက်​နေ၏။


နုန်၏​သား​ယော​ရှု​သည် ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ခေါ်၍၊ သင်​တို့​သည် ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သွား​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ ခု​နစ်​ယောက်​တို့​သည် ယု​ဘိ​လ​တံ​ပိုး​ခု​နစ်​လုံး​ကို ဆောင်​သွား​ကြ​လော့​ဟူ၍​လည်း​ကောင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ