Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 8:3 - Judson Bible in Zawgyi Version

3 ယော​ရှု​နှင့် စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် အာ​ဣ​မြို့​ကို တိုက်​ခြင်း​ငှာ​ထ​ကြ၏။ ယော​ရှု​သည် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​သုံး​သောင်း​တို့​ကို ရွေး​ချယ်၍ ည​အ​ခါ​စေ​လွှတ်​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ယောရှု​နှင့်​စစ်သည်​အပေါင်း​တို့​သည်​လည်း အာဣ​မြို့​သို့ ထ​၍​စစ်ချီ​ကြ​၏​။ ယောရှု​သည် ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​သုံးသောင်း​ကို​ရွေးချယ်​၍ သူ​တို့​ကို ညအချိန်​၌​စေလွှတ်​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 သို့​ဖြစ်​၍​ယော​ရှု​သည်​စစ်​သူရဲ​အ​ပေါင်း​တို့​နှင့် အာ​ဣ​မြို့​သို့​ချီ​တက်​ရန်​အ​သင့်​ပြင်​လေ​သည်။ သူ​သည်​လက်​ရွေး​စင်​စစ်​သူ​ရဲ​သုံး​သောင်း​ကို ည​အ​ချိန်​၌​စေ​လွှတ်​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 8:3
10 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​က​လည်း၊ လူ​တို့​ကို​ရွေး၍ အာ​မ​လက်​လူ​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ထွက်​လော့။ နက်​ဖြန်​နေ့၌ ဘု​ရား​သ​ခင်၏​လှံ​တံ​ကို​ကိုင်​လျက်၊ တောင်​ထိပ်​ပေါ်​မှာ ငါ​ရပ်​နေ​မည်​ဟု ယော​ရှု​အား​ဆို​၏။


ရေ​လွှမ်း​မိုး​ခြင်း​ရောက်​သ​ဖြင့် လူ​ခပ်​သိမ်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​သည် တိုင်​အောင် သ​တိ​မဲ့​နေ​ကြ​သည် နည်း​တူ၊ လူ​သား​ကြွ​လာ​သော​အ​ခါ၌ ဖြစ်​လိမ့်​မည်။-


ထို​ကျွန် မ​ကြည့်​မ​မျှော်​သော​နေ့​ရက်၊ မ​ကြား​မ​သိ​သော အ​ချိန်​နာ​ရီ၌ သ​ခင်​သည် ရောက်​လာ​လျှင်၊-


သန်း​ခေါင်​ယံ၌ ကြည့်​ပါ။ မင်္ဂ​လာ​ဆောင်​လု​လင်​သည် လာ​ပြီ။ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ထွက်​သွား​ကြ​ကုန်​ဟု ကြွေး​ကြော်​လျှင်၊-


အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ သူ​ခိုး​သည် ည​အ​ခါ​လာ​သ​ကဲ့​သို့၊ သ​ခင်​ဘု​ရား၏​နေ့​ရက်​သည် လာ​လိမ့်​မည်​ကို သင်​တို့​သည် သေ​ချာ​စွာ​သိ​ကြ၏။-


ယော​ရှု​သည်​လည်း၊ စစ်​မှု၌​ကျင်​လည်​သော​သူ၊ ခွန်​အား​ကြီး​သော သူ​ရဲ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဂိ​လ​ဂါ​လ​မြို့​မှ တက်​သွား​လေ၏။


ယေ​ရိ​ခေါ​မြို့​နှင့် မင်း​ကြီး​အား​ပြု​သ​ကဲ့​သို့ အာ​ဣ​မြို့​နှင့်​မင်း​ကြီး​အား ပြု​ရ​မည်။ သို့​ရာ​တွင် လု​ယူ​သော​ဥ​စ္စာ၊ တိ​ရ​စ္ဆာန်​များ​ကို ကိုယ်​အ​ဖို့​သိမ်း​ရ​မည်။ မြို့​နောက်​မှာ ကင်း​တပ်​ကို​ထား​ရ​မည်​ဟု ယော​ရှု​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊


သင်​တို့​သည် ထို​မြို့​ကို​တိုက်​ခြင်း​ငှာ မြို့​နောက်​မှာ ကင်း​ထိုး​လျက်​နေ​ကြ​လော့။ မြို့​နှင့်​ဝေး​ဝေး​ခွာ၍ မ​သွား​ကြ​နှင့်။ တ​ညီ​တ​ညွတ်​တည်း အ​သင့်​နေ​ကြ​လော့။


သူ​ခိုး​သည် ည​အ​ခါ​လာ​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​သည် လာ​လိမ့်မည်။ ထို​နေ့၌ မိုး​ကောင်း​ကင်​သည် ကြီး​စွာ​သော အ​သံ​နှင့်​တ​ကွ ပျောက်​သွား​လိမ့်​မည်။ လော​က​ဓာတ်​တို့​သည် ပူ​အား​ကြီး၍ ပျက်​ကြ​လိ​မ့်​မည်။ မြေ​ကြီး​ကိုယ်​မှ​စ၍၊ မြေ​ကြီး​ပေါ်​မှာ ပြု​လုပ်​သ​မျှ​သော​အ​ရာ​တို့​သည် ကျွမ်း​လောင်​ကြ​လိမ့်​မည်။


သို့​ဖြစ်၍ ည​အ​ခါ ကိုယ်​တော်​သည် ပါ​သော​သူ​တို့​နှင့်​တ​ကွ​ထ၍၊ တော၌ ချောင်း​မြောင်း​လျက် နေ​တော်​မူ​ပါ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ