Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 7:3 - Judson Bible in Zawgyi Version

3 ယော​ရှု​ထံ​သို့ ပြန်​လာ၍၊ ဤ​လူ​တို့​ကို အ​ကုန်​အ​စင် မ​သွား​ပါ​စေ​နှင့်။ လူ​နှစ်​ထောင် သုံး​ထောင်​လောက်​သွား၍ အာ​ဣ​မြို့​ကို လုပ်​ကြံ​ပါ​စေ။ ထို​မြို့​သို့ သွား​ရာ​တွင် ဤ​လူ​အ​ပေါင်း​တို့​ကို မ​ပင်​ပန်း​ပါ​စေ​နှင့်။ မြို့​သား​တို့​သည်​မ​များ​ပါ​ဟု လျှောက်​သည်​နှင့်​အ​ညီ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ထို​သူ​တို့​သည် ယောရှု​ထံ​ပြန်လာ​၍ “​အာဣ​မြို့​သို့ လူ​အားလုံး ချီတက်​သွား​ရန်​မ​လို​ပါ​။ လူ​နှစ်ထောင်​၊ သုံး​ထောင်​ခန့်​ဖြင့်​တိုက်​လျှင် အောင်နိုင်​ပါ​သည်​။ လူ​အားလုံး​ကို မ​ပင်ပန်း​စေ​ပါ​နှင့်​။ ထို​မြို့သား​တို့​သည် လူ​နည်းစု​သာ​ဖြစ်​ပါ​သည်​”​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 သူ​တို့​သည်​ယင်း​သို့​ထောက်​လှမ်း​ပြီး​နောက် ယော​ရှု​ထံ​သို့​ပြန်​လာ​ပြီး​လျှင်``အာ​ဣ​မြို့ ကို​အ​ကျွန်ုပ်​တို့​အား​လုံး​ချီ​တက်​တိုက်​ခိုက် ရန်​မ​လို​ပါ။ လူ​နှစ်​ထောင်​သုံး​ထောင်​ခန့်​စေ လွှတ်​လျှင်​လုံ​လောက်​ပါ​၏။ စစ်​တပ်​တစ်​တပ် လုံး​စေ​လွှတ်​ရန်​မ​လို​အပ်​ပါ။ ထို​မြို့​သည် မြို့​ကြီး​မ​ဟုတ်​ပါ'' ဟူ​၍​ပြန်​ကြား​ကြ လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 7:3
9 ပူးပေါင်းရင်းမြစ်များ  

ပျင်း​ရိ​သော​သူ​သည် အ​ဘယ်​အ​ရာ​ကို​မျှ တောင့်​တ၍​မ​ရ​တတ်။ လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ​မူ​ကား၊ မိ​မိ​အ​လို​ဆ​န္ဒ ပြည့်​စုံ​ရ၏။


ပျင်း​ရိ​သော​သူ​သည် အ​လုပ်​မ​လုပ်​ချင်​သော​ကြောင့်၊ မိ​မိ​တပ်​မက်​သော​အား​ဖြင့် သေ​တတ်၏။


ကျဉ်း​မြောင်း​သော​တံ​ခါး​ဝ​ကို ဝင်​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ အ​များ​သော​သူ​တို့​သည် ဝင်​ခြင်း​ငှာ​အ​လို​ရှိ​သော်​လည်း မ​စွမ်း​နိုင်​ကြ​ဟု ငါ​ဆို၏။-


ထို​ကြောင့်၊ ဣ​သ​ရေ​လ​လူ​တို့​သည် မ​ယုံ​ကြည်​သော စိတ်​ရှိ​သ​ဖြင့် လဲ​သ​ကဲ့​သို့ ငါ​တို့​သည်​မ​လဲ၊ ထို​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​မည်​အ​ကြောင်း ကြိုး​စား​အား​ထုတ်​ကြ​ကုန်​အံ့။-


ယော​ရှု​သည်​လည်း၊ ယေ​ရိ​ခေါ​မြို့​မှ လူ​တို့​ကို​စေ​လွှတ်၍၊ သင်​တို့​သည် ဗေ​သ​လ​မြို့​အ​ရှေ့၊ ဗေ​သ​ဝင်​မြို့​အ​နား​မှာ​ရှိ​သော အာ​ဣ​မြို့​သို့​သွား၍ ထို​ပြည်​ကို ကြည့်​ရှု​ကြ​လော့​ဟု မှာ​ထား​သည်​အ​တိုင်း သူ​တို့​သည်​သွား၍၊ အာ​ဣ​မြို့​ကို ကြည့်​ရှု​ပြီး​လျှင်၊


လူ​သုံး​ထောင်​ခန့်​မျှ ချီ​သွား၍ အာ​ဣ​မြို့​သား​တို့​ရှေ့​မှာ ပြေး​ရ​ကြ၏။


ထို​ကြောင့်၊ ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ရ​သော ခေါ်​တော်​မူ​ခြင်း​နှင့် ရွေး​ချယ်​တော်​မူ​ခြင်း​ကို တည်​မြဲ​စေ​ခြင်း​ငှာ သာ၍ ကြိုး​စား​အား​ထုတ်​ကြ​လော့။ သို့​ပြု​လျှင်၊ ရွေ့​လျော့​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​သည်​ဖြစ်၍၊-


ထို​သို့​အ​လို​ငှာ၊ သင်​တို့​သည် ယုံ​ကြည်​ခြင်း၌ သီ​လ​ကို​လည်း​ကောင်း၊ သီ​လ၌ ပ​ညာ​ကို​လည်း​ကောင်း၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ