Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 7:19 - Judson Bible in Zawgyi Version

19 ယော​ရှု​က​လည်း၊ ငါ့​သား၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း၍ ရှေ့​တော်၌ ကိုယ်​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ပါ​လော့။ သင်​ပြု​မိ​သော​အ​မှု​ကို ငါ့​အား​ပြော​ပါ​လော့။ ဝှက်၍​မ​ထား​ပါ​နှင့်​ဟု အာ​ခန်​အား​ဆို​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 ထိုအခါ ယောရှု​က အာခန်​အား “​ငါ့​သား​၊ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၏​ဂုဏ်တော်​ကို​ချီးမွမ်း​လော့​။ ကျေးဇူးတော်​ကို ချီးမွမ်း​လော့​။ သင်​ပြု​သော​အမှု​ကို ငါ့​အား ယခု​ပြော​ပါ​လော့​။ ဘာမျှ ဖုံးကွယ်​မ​ထား​နှင့်​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 ယော​ရှု​က​သူ့​အား``ငါ့​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​တွင်​မှန်​ရာ​ကို​ပြော​၍​ဝန်​ခံ လော့။ သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​မ​ထိမ်​မ​ချန် ဘဲ​ငါ့​အား​ထုတ်​ဖော်​ပြော​ကြား​လော့'' ဟု ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 7:19
25 ပူးပေါင်းရင်းမြစ်များ  

နန်း​တော်၌ အ​ဘယ်​အ​ရာ​ကို မြင်​ကြ​ပြီ​နည်း​ဟု မေး​ပြန်​လျှင်၊ ဟေ​ဇ​ကိ​မင်း​က၊ နန်း​တော်၌​ရှိ​သ​မျှ​ကို မြင်​ရ​ကြ​ပြီ။ ဘ​ဏ္ဍာ​တော်​တွင် ငါ​မ​ပြ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ဟု ပြန်​ပြော၏။


ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​တော်​မြတ်​ကို သွန်​သင်​သော လေ​ဝိ​သား​အ​ပေါင်း​တို့​ကို၊ ဟေ​ဇ​ကိ​သည် အား​ပေး​သော​စ​ကား​နှင့် နှုတ်​ဆက်​သ​ဖြင့်၊ သူ​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး​ပွဲ​ခံ​စဉ်​အ​ခါ၊ စား​သောက်​လျက် မိတ်​သ​ဟာ​ယ ပူ​ဇော်​သ​ကာ​ကို​ပြု​လျက်၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​လျက် နေ​ကြ၏။


တစ်​ဖန် အ​ကျွန်ုပ်​သည် ကိုယ်​အ​ပြစ်​ကို ရှေ့​တော်၌ ဝန်​ချ​ပါ၏။ ပြု​မိ​သော ဒု​စ​ရိုက်​ကို ဝှက်၍​မ​ထား​ပါ။ ငါ​လွန်​ကျူး​သော​အ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား​အား ဖော်​ပြ​တောင်း​ပန်​မည်​ဟု ပြော​ဆို​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ပြစ်​မှား​ခြင်း​အ​ပြစ်​ကို လွှတ်​တော်​မူ၏။


အ​ကျွန်ုပ်​လွန်​ကျူး​ပါ​ပြီ​ဟု​ဝန်​ချ​လျက် ကိုယ်​အ​ပြစ်​ကို အ​စဉ်​မ​ပြတ် အောက်​မေ့​လျက်​နေ​ပါ၏။


မိ​မိ​အ​ပြစ်​ကို ဝှက်​ထား​သော​သူ​သည် ချမ်း​သာ​မ​ရ။ မိ​မိ​အ​ပြစ်​ကို​ဖော်​ပြ​ဝန်​ချ၍ စွန့်​ပစ်​သော​သူ​မူ​ကား၊ က​ရု​ဏာ​တော်​ကို ခံ​ရ​လိမ့်​မည်။


လူ​သည် ရွှေ​စင်​ထက် အ​ဖိုး​ထိုက်​မည်​အ​ကြောင်း၊ ဆင်း​ရဲ​သား​သည် ဩ​ဖိ​ရ​ရွှေ​ကျောက်​ထက် အ​ဖိုး​ထိုက်​မည်​အ​ကြောင်း ငါ​ပြု​မည်။


မိုး​မ​ချုပ်​မီ၊ မိုက်​သော​တောင်​ပေါ်​မှာ သင်​တို့​သည် ထိ​ခိုက်၍​မ​လဲ​မီ၊ အ​လင်း​ကို​မျှော်​လင့်​သော​အ​ခါ၊ သေ​မင်း​အ​ရိပ်၊ ထူ​ထပ်​သော မှောင်​မိုက်​ကို ဖြစ်​စေ​တော်​မ​မူ​မီ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။


ထို​သို့ အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်၍ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ ငါ​ပြု​သော​ပ​တ္ထ​နာ​ဟူ​မူ​ကား၊ ကိုယ်​တော်​ကို​ချစ်၍ ပ​ညတ်​တော်​တို့​ကို​စောင့်​သော သူ​တို့​အား သ​စ္စာ​တော်​မ​ပျက်၊ က​ရု​ဏာ​တ​ရား​ကို စောင့်​တော်​မူ​ထ​သော၊ အ​လွန်​ကြီး​မြတ်၍ ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်၊


ဤ​တစ်​ပါး​အ​မျိုး​သား​ကို​ထား၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ခြင်း​ငှာ ပြန်​လာ​သော​သူ တစ်​ယောက်​မျှ မ​ရှိ​သ​လော​ဟု မေး​တော်​မူ​ပြီး​မှ၊-


ထို​ကြောင့်၊ မျက်​စိ​ကန်း​ဖူး​သော​သူ​ကို ဒု​တိ​ယ​အ​ကြိမ်​ခေါ်၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လော့။ ထို​သူ​သည် လူ​ဆိုး​ဖြစ်​ကြောင်း​ကို ငါ​တို့​သိ၏​ဟု​ဆို​ကြ​လျှင်၊-


ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ စိတ်​နှ​လုံး​ဖြင့် ယုံ​ကြည်​ရ၏။-


ဆီး​တား​ငြင်း​ခုံ​သော​သူ​တို့​ကို နူး​ညံ့​သိမ်​မွေ့​စွာ ဆုံး​မ​ရ​မည်။ သ​မ္မာ​တ​ရား​ကို ဝန်​ခံ​ခြင်း​အ​လို​ငှာ၊ နောင်​တ​ကို ဘု​ရား​သ​ခင် ပေး​ကောင်း​ပေး​တော်​မူ၍၊-


အ​သက်​ကြီး​ရင့်​သော ယောက်ျား​တို့​သည် သ​မ္မာ​သ​တိ​ရှိ​သော​သူ၊ တည်​ကြည်​သော​သူ၊ ဣ​နြေ္ဒ​စောင့် သော​သူ၊ ယုံ​ကြည်​ချင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၌ စိတ်​သန်​သော​သူ ဖြစ်​ရ​ကြ​မည်​အ​ကြောင်း၊-


လူ၏​ဒေါ​သ​အ​မျက်​သည် ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​ပြု​စု​တတ်။-


အာ​ခန်​က၊ ဟုတ်​ပါ၏။ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကျွန်​တော်​ပြစ်​မှား​ပါ​ပြီ။ ကျွန်​တော်​ပြု​မိ​သော​အ​မှု​ဟူ​မူ​ကား၊


ပူ​အား​ကြီး​သော​အ​ရှိန်​ဖြင့် လူ​တို့​သည် လောင်​ခြင်း​ကို​ခံ​ရ၍၊ ထို​ဘေး​ဒဏ်​တို့​ကို အ​စိုး​ပိုင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ နာ​မ​တော်​ကို ကျိန်​ဆဲ​ကြ၏။ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ခြင်း​အ​လို​ငှာ နောင်​တ​မ​ရ​ကြ။-


ရှော​လု​က​လည်း၊ သင်​ပြု​သော​အ​မှု​ကို​ပြော​လော့​ဟု ယော​န​သန်​အား​ဆို​လျှင်၊ ယော​န​သန်​က၊ အ​ကျွန်ုပ်​ကိုင်​သော လှံ​ဖျား​နှင့် ပျား​ရည်​အ​နည်း​ငယ်​ကို ယူ၍ မြည်း​စမ်း​မိ​ပါ​ပြီ။ ထို​အ​မှု​ကြောင့်​သာ သေ​ရ​ပါ​မည်​ဟု ပြန်​ပြော၏။


ထို​ကြောင့် မြင်း​သ​ရိုက်​ပုံ၊ မြေ​ကို​ဖျက်​တတ်​သော ကြွက်​ပုံ​တို့​ကို လုပ်၍ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​ကြ​မည်။ လက်​တော်​သည် သင်​တို့​နှင့် သင်​တို့​ဘု​ရား​အ​ပေါ်၊ သင်​တို့​မြေ​အ​ပေါ်​မှာ ပေါ့​ကောင်း​ပေါ့​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ