Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 7:15 - Judson Bible in Zawgyi Version

15 ကျိန်​အပ်​သော​အ​ရာ​ပါ​လျက် မှတ်​တော်​မူ​သော​သူ​မှ​စ၍၊ သူ၌​ရှိ​သ​မျှ​တို့​ကို မီး​ရှို့​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​တ​ရား​ကို​ဖျက်၍ ဣ​သ​ရေ​လ​အ​မျိုး၌ အ​ဓ​မ္မ​အ​မှု​ကို​ပြု​လေ​ပြီ​ဟု ယော​ရှု​အား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 ကျိန်​ခြင်း​ခံရ​သော​အရာ​ပါ​လျက် ရွေးထုတ်​ခံရ​သော​သူ​သည် သူ​နှင့်အတူ​သူ​ပိုင်ဆိုင်​သမျှ​တို့​ကို မီးရှို့​ပစ်​ရ​မည်​။ အကြောင်းမူကား သူ​သည် ထာဝရဘုရား​နှင့်​ပြု​ထား​သော​ပဋိညာဉ်​ကို ချိုးဖောက်​၍ အစ္စရေး​လူမျိုး​၌ ယုတ်ညံ့​သော​အမှု​ကို ပြု​သောကြောင့်​ဖြစ်​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

15 ထို​နောက်​ဖျက်​ဆီး​ရ​မည့်​ပစ္စည်း​ခိုး​သူ​ဟု မဲ​ကျ​သူ​သည် ငါ​၏​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖျက် ၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရှက် တ​ကွဲ​အ​ကျိုး​နည်း​ဖြစ်​စေ​သော​ကြောင့်​သူ နှင့်​တ​ကွ​သူ​၏​မိ​သား​စု​ကို​လည်း​ကောင်း၊ သူ​ပိုင်​သ​မျှ​သော​ပစ္စည်း​များ​ကို​လည်း​ကောင်း မီး​ရှို့​ဖျက်​ဆီး​ပစ်​ရ​မည်' '' ဟု​မိန့်​ကြား တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 7:15
11 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်၏​သား​တို့​လည်း သ​တင်း​ကြား​သော​အ​ခါ၊ တော​အ​ရပ်​မှ​ပြန်​ရောက်​ကြ၏။ ထို​မင်း​သား​သည် ယာ​ကုပ်၏​သ​မီး​နှင့်​အိပ်​မိ၍၊ ဣ​သ​ရေ​လ​အ​မျိုး၌​မိုက်​သော​အ​မှု၊ မ​ပြု​အပ်​သော​အ​ရာ​ကို ပြု​မိ​သော​ကြောင့်၊ သူ​တို့​သည်​စိတ်​နာ၍ အ​လွန်​အ​မျက်​ထွက်​ကြ​၏။


ပြု​လျှင် ငါ​သည်​ရှက်​ခြင်း​နှင့် အ​ဘယ်​သို့ ကင်း​လွတ်​မည်​နည်း။ သင်​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး၌ လူ​မိုက်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ သို့​ဖြစ်၍ ရှင်​ဘု​ရင်​ကို လျှောက်​ပါ​လော့။ လျှောက်​လျှင် မ​ပေး​စား​ဘဲ နေ​တော်​မ​မူ​ပါ​ဟု ပြော​ဆို​သော်​လည်း၊


ဣ​သ​ရေ​လ​အ​မျိုး​သည် ပြစ်​မှား​ပြီ။ ငါ​မှာ​ထား​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ဖျက်​လေ​ပြီ။ ကျိန်​အပ်​သော​အ​ရာ​ကို ခိုး​ယူ၍ ပ​ရိ​ယာယ်​ပြု​သ​ဖြင့် မိ​မိ​ဥ​စ္စာ​ထဲ​မှာ​ထား​လေ​ပြီ။


နံ​နက်​စော​စော ယော​ရှု​သည်​ထ၍ ဣ​သ​ရေ​လ​လူ​တို့​ကို အ​မျိုး​အ​နွယ်​အ​လိုက် ဆောင်​ခဲ့​သ​ဖြင့် ယု​ဒ​အ​မျိုး​ကို မှတ်​တော်​မူ၏။


ဗင်္ယာ​မိန်​ခ​ရိုင် ဂိ​ဗာ​မြို့​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​တို့၌ ပြု​သ​မျှ​သော အ​ဓ​မ္မ​အ​မှု​နှင့်​ညီ​လျော်​စွာ လူ​များ​တို့​သည် ထို​မြို့​သို့​ရောက်၍ အ​ပြစ်​ဒဏ်​ပေး​မည်​အ​ကြောင်း၊ သူ​တို့​စား​စ​ရိတ်​ကို ပို့​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့၌ လူ​တစ်​ရာ​တွင် တစ်​ဆယ်၊ တစ်​ထောင်​တွင် တစ်​ရာ၊ တစ်​သောင်း​တွင် တစ်​ထောင်​တို့​ကို ရွေး​ကောက်​ကြ​ကုန်​အံ့​ဟု ဆို​လျက်၊


ည​အ​ခါ ဂိ​ဗာ​မြို့​သား​တို့​သည် ထ၍ အ​ကျွန်ုပ်​တည်း​ခို​သော​အိမ်​ကို ဝိုင်း​လျက်၊ အ​ကျွန်ုပ်​ကို တိုက်​သတ်​မည် အား​ထုတ်​ကြ​ပါ၏။ မ​ယား​ငယ် သေ​သည်​တိုင်​အောင် ရှုတ်​ချ​ကြ​ပါ၏။


အ​ကျွန်ုပ်​သည်​လည်း မ​ယား​ငယ်​အ​ကောင်​ကို​ယူ၍ အ​ပိုင်း​ပိုင်း​ဖြတ်​ပြီး​မှ၊ ဣ​သ​ရေ​လ​အ​မျိုး အ​မွေ​ခံ​ရာ ပြည်​တစ်​လျှောက်​လုံး​သို့ ပေး​လိုက်​ပါ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ဆိုး​ညစ်​သော​အ​မှု၊ အ​ဓ​မ္မ​အ​မှု​ကို ပြု​ကြ​ပါ​ပြီ။


ရှော​လု​က​လည်း ငါ​ပြစ်​မှား​ပါ​ပြီ။ ငါ့​သား​ဒါ​ဝိဒ် ပြန်​လာ​ပါ။ သင်​သည် ယ​နေ့​ငါ့​အ​သက်​ကို နှ​မြော​သော​ကြောင့်၊ နောက်​တစ်​ဖန် သင့်​ကို​ငါ​မ​ညှဉ်း​ဆဲ။ ငါ​သည်​လူ​မိုက်​ဖြစ်၏။ အ​လွန်​မှား​ယွင်း​ပြီ​ဟု ဆို​သော်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ