Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 4:5 - Judson Bible in Zawgyi Version

5 သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့၊ ယော်​ဒန်​မြစ်​အ​လယ်​သို့ ကူး​သွား၍၊ ဣ​သ​ရေ​လ​အ​မျိုး အ​ရေ​အ​တွက်​အ​တိုင်း၊ လူ​တစ်​ယောက် ကျောက်​တစ်​လုံး​စီ​ယူ၍ ထမ်း​သွား​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 ယောရှု​က သူ​တို့​အား “​ဂျော်ဒန်​မြစ်​အလယ်​ရှိ သင်​တို့​ဘုရားသခင်​ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​သို့ ကူးသွား​ပြီးလျှင် အစ္စရေး​အမျိုးသား​တို့​၏​မျိုးနွယ်​အရေအတွက်​နှင့်အညီ တစ်​ယောက်​လျှင် ကျောက်တုံး​တစ်တုံးစီ​ကို​ယူ​၍ ထမ်းလာ​ကြ​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 ``သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​က ယော်​ဒန်​မြစ်​ထဲ သို့​ဆင်း​လော့။ ဣ​သ​ရေ​လ​တစ်​နွယ်​စီ​အ​တွက် တစ်​ဦး​လျှင်​ကျောက်​တုံး​တစ်​တုံး​ကျ​သယ် ဆောင်​ခဲ့​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 4:5
7 ပူးပေါင်းရင်းမြစ်များ  

ကျောက်​များ​ကို​စု​ထား​ကြ​ပါ​ဟု ညီ​အစ်​ကို​တို့​အား ဆို​သည်​အ​တိုင်း၊ သူ​တို့​သည် ကျောက်​များ​ကို​ယူ၍၊ ကျောက်​ပုံ​ကို​တည်​လုပ်​ပြီး​မှ၊ ထို​ကျောက်​ပုံ​အ​ပေါ်၌ စား​သောက်​ခြင်း​ကို ပြု​ကြ၏။


မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​လုံး​စုံ​တို့​ကို ရေး​ထား​ပြီး​မှ၊ နံ​နက်​စော​စော​ထ၍၊ တောင်​ခြေ​ရင်း၌​ယဇ်​ပ​လ္လင်​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​နှင့်​အ​မျှ ကျောက်​တိုင် တစ်​ဆယ်​နှစ်​တိုင်​ကို​လည်း​ကောင်း တည်​လေ၏။


သင်​သည် ယော်​ဒန်​မြစ်​ကို​ကူး၍၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့​ရောက်​သော​အ​ခါ၊ ကြီး​သော​ကျောက်​တို့​ကို ထူ​ထောင်၍ အင်္ဂ​တေ​နှင့်​မွမ်း​မံ​ရ​မည်။


အို ဣ​သ​ရေ​လ​အ​မျိုး၊ နား​ထောင်​လော့။ သင့်​ထက်​အား​ကြီး၍ များ​ပြား​သော​လူ​မျိုး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ကို​ထိ​သော​မြို့​ရိုး​နှင့် ပြည့်​စုံ​သော မြို့​ကြီး​တို့​ကို​လည်း​ကောင်း၊


ခါ​နာန်​ပြည်၊ ယော်​ဒန်​မြစ်​နား​သို့ ရောက်​သော​အ​ခါ၊ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​နား​မှာ ထင်​ရှား​စွာ​သော ယဇ်​ပ​လ္လင်​ကြီး​ကို တည်​ကြ၏။


ယော​ရှု​သည် ခန့်​ထား​နှင့်​သော ဣ​သ​ရေ​လ​အ​မျိုး တစ်​မျိုး​တစ်​ယောက်​စီ၊ လူ​တစ်​ဆယ်​နှစ်​ယောက်​ကို​ခေါ်၍၊


သို့​ပြု​လျှင် သက်​သေ​ကို​ရ​ကြ​လိမ့်​မည်။ နောင်​ကာ​လ၌ သင်​တို့၏​သား​သ​မီး​တို့​က၊ ဤ​ကျောက်​တို့​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​လျှင်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ