Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 4:4 - Judson Bible in Zawgyi Version

4 ယော​ရှု​သည် ခန့်​ထား​နှင့်​သော ဣ​သ​ရေ​လ​အ​မျိုး တစ်​မျိုး​တစ်​ယောက်​စီ၊ လူ​တစ်​ဆယ်​နှစ်​ယောက်​ကို​ခေါ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ယောရှု​က​လည်း မိမိ​ခန့်အပ်​ထား​သော​အစ္စရေး​အမျိုးသား​တို့​ထဲမှ မျိုးနွယ်​တစ်နွယ်​လျှင်​တစ်ယောက်စီ လူ​တစ်ဆယ့်နှစ်​ယောက်​ကို ခေါ်​ပြီးလျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 ထို့​ကြောင့်​ယော​ရှု​သည်​ရွေး​ချယ်​ပြီး​သော​လူ တစ်​ဆယ့်​နှစ်​ယောက်​ကို​ဆင့်​ခေါ်​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 4:4
5 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍ ဣ​သ​ရေ​လ​အ​မျိုး​များ​ထဲ​က တစ်​မျိုး​တစ်​ယောက်​စီ၊ လူ​တစ်​ဆယ်​နှစ်​ယောက်​တို့​ကို ရွေး​ကောက်​ကြ​လော့။


လူ​များ​တို့​တွင် တစ်​မျိုး​တစ်​ယောက်​စီ၊ လူ​တစ်​ဆယ်​နှစ်​ယောက်​ကို ရွေး​ကောက်၍၊


သူ​တို့​သည် ယော်​ဒန်​မြစ်​အ​လယ်၊ ယဇ်​ပု​ရော​ဟိတ်​တို့ မြဲ​မြံ​စွာ​နင်း​ရာ၊ ဤ​အ​ရပ်​ထဲ​က ကျောက်​တစ်​ဆယ်​နှစ်​လုံး​ကို​ယူ​ပြီး​လျှင် ထမ်း​သွား၍၊ ယ​နေ့​ည စ​ခန်း​ချ​ရာ​အ​ရပ်၌ ထား​ရ​မည်​အ​ကြောင်း ဆင့်​ဆို​လော့​ဟု ယော​ရှု​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊


သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့၊ ယော်​ဒန်​မြစ်​အ​လယ်​သို့ ကူး​သွား၍၊ ဣ​သ​ရေ​လ​အ​မျိုး အ​ရေ​အ​တွက်​အ​တိုင်း၊ လူ​တစ်​ယောက် ကျောက်​တစ်​လုံး​စီ​ယူ၍ ထမ်း​သွား​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ