Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 4:23 - Judson Bible in Zawgyi Version

23 ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​ကြီး​တော်​မူ​သည်​ကို မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် သိ​ကြ​မည်​အ​ကြောင်း​နှင့် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို သင်​တို့​သည် အ​စဉ်​အ​မြဲ​ကြောက်​ရွံ့​ရ​မည်​အ​ကြောင်း၊ ငါ​တို့​သည် ဧ​ဒုံ​ပင်​လယ်​ကို​ကူး၍ ကမ်း​တစ်​ဖက်​သို့ မ​ရောက်​မီ​တိုင်​အောင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

23 သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ပင်လယ်နီ​ကို ငါ​တို့​ကူး​ပြီး​သည်​အထိ ငါ​တို့​မျက်စိ​ရှေ့​၌ ပင်လယ်ရေ​ကို​ခန်းခြောက်​စေ​ခဲ့​သည့်​နည်းတူ ထို​ဘုရားသခင်​ထာဝရဘုရား​သည်​ပင် ဂျော်ဒန်​မြစ်​ကို သင်​တို့​ကူး​ပြီး​သည်​အထိ သင်​တို့​မျက်စိ​ရှေ့​၌ ဂျော်ဒန်​မြစ်ရေ​ကို​ခန်းခြောက်​စေ​တော်မူ​ခဲ့​သည်​မှာ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

23 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပင်​လယ်​နီ​ကို​ခြောက်​သွေ့​စေ​တော်​မူ​သ​ကဲ့​သို့ ယော်​ဒန်​မြစ်​ကို​သင်​တို့​ဖြတ်​ကူး​ပြီး​သည် တိုင်​အောင်​ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း​ပြော ကြား​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 4:23
8 ပူးပေါင်းရင်းမြစ်များ  

ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌ နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​ကို​ကြောက်​ရွံ့​သ​ကဲ့​သို့ မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​လျက်၊ နာ​မ​တော်​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျွန်ုပ်​တည်​ဆောက်​သော ဤ​အိမ်​တော်​ကို နာ​မ​တော်​ဖြင့်​သ​မုတ်​ကြောင်း​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​တစ်​ပါး​အ​မျိုး​သား​တို့​သည် ဆု​တောင်း​သ​မျှ​အ​တိုင်း ကျေး​ဇူး​ပြု​တော်​မူ​ပါ။


သူ​တို့​သည် ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ လျှောက်​သွား​မည်​အ​ကြောင်း သူ​တို့​ရှေ့​မှာ ပင်​လယ်​ကို​ခွဲ​တော်​မူ၏။ ညှဉ်း​ဆဲ​သော သူ​တို့​ကို​ကား၊ နက်​သော​ရေ​ထဲ​သို့ ကျောက်​ကို​ပစ်​သ​ကဲ့​သို့ ပစ်​တော်​မူ၏။


ပင်​လယ်​ကို​ခွဲ၍ သူ​တို့​ကို လျှောက်​သွား​စေ​တော်​မူ၏။ ရေ​များ​ကို​စု​ပုံ၍ ထား​တော်​မူ၏။


မော​ရှေ​သည် ပင်​လယ်​ပေါ်​မှာ​လက်​ကို​ဆန့်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ည​လုံး၌ အား​ကြီး​သော​အ​ရှေ့​လေ​အား​ဖြင့် ပင်​လယ်​ရေ​ကို​လှန်​ပြန်၍၊ မြေ​ကို ပေါ်​စေ​တော်​မူ​သည်​နှင့်၊ ရေ​သည်​ကွဲ​ပြတ်​လျက်​ရှိ​၏။


အ​ကြောင်း​မူ​ကား၊ ဖာ​ရော​ဘု​ရင်၏​မြင်း​များ၊ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​တို့​သည် ပင်​လယ်​ထဲ​သို့​ဝင်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ပေါ်​မှာ ပင်​လယ်​ရေ​ကို​လွှမ်း​မိုး​စေ​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား၊ ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ​လျှောက်​သွား​ကြ၏။


ပြင်း​ထန်​သော ပင်​လယ်​ရေ၌ လမ်း​ခ​ရီး​ကို ဖန်​ဆင်း​တော်​မူ​ထ​သော၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ