Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 4:18 - Judson Bible in Zawgyi Version

18 ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ ယော်​ဒန်​မြစ်​အ​လယ်​ထဲ​က တက်​လာ၍၊ ခြေ​ဖ​ဝါး​တို့​သည် ကုန်း​ကို​နင်း​မိ​ကြ​သော​အ​ခါ၊ ယော်​ဒန်​မြစ်​ရေ​သည် မိ​မိ​နေ​ရာ​သို့ ပြန်​လာ၍၊ အ​ရင်​ကဲ့​သို့ ကမ်း​တစ်​လျှောက်​လုံး​ကို လျှံ​လျက်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို​ထမ်း​ရ​သော ယဇ်ပုရောဟိတ်​တို့​သည် ဂျော်ဒန်​မြစ်​အလယ်​မှ​တက်လာ​၍ ကုန်းမြေ​ပေါ်တွင် ခြေချ​လိုက်​သည်​နှင့် ဂျော်ဒန်​မြစ်​ရေ​သည် ပြန်​စီးလာ​၍ ယခင်က​ကဲ့သို့ ကမ်း​တစ်လျှောက်လုံး ရေ​လျှံ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​မြစ်​ကမ်း​ပေါ်​သို့ ရောက်​သည်​နှင့်​တစ်​ပြိုင်​နက် မြစ်​ရေ​သည်​တစ် ဖန်​စီး​ဆင်း​သ​ဖြင့်​ကမ်း​တစ်​လျှောက်​လုံး ရေ​ပြည့်​လျှံ​လာ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 4:18
8 ပူးပေါင်းရင်းမြစ်များ  

ယော်​ဒန်​မြစ်​ရေ​သည် ကမ်း​တစ်​လျှောက်​လုံး​ကို လွှမ်း​မိုး​သော​ကာ​လ​ပ​ထ​မ​လ​တွင်၊ သူ​တို့​သည်​ကူး၍ မြေ​ညီ​ရာ​အ​ရပ် အ​ရှေ့​အ​နောက်၌ နေ​သော​သူ​အ​ပေါင်း​တို့​ကို ပြေး​စေ​ကြ၏။


ယု​ဒ​ပြည်​ကို ချင်း​နင်း​လွှမ်း​မိုး​ဖြန့်​သွား၍၊ လည်​ပင်း​တိုင်​အောင်​မီ​လိမ့်​မည်။ သူ၏​အ​တောင်​တို့​ကို​လည်း ဖြန့်​သ​ဖြင့်၊ ကိုယ်​တော်၏​မြေ​တစ်​ပြင်​လုံး​ကို အုပ်​မိုး​လိမ့်​မည်၊ အို ဧ​မာ​နွေ​လ​ဟု မိန့်​တော်​မူ၏။


မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ရ​တော်​မူ​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​ခြေ​ဖ​ဝါး​တို့​သည်၊ ယော်​ဒန်​မြစ်​ရေ​ကို​နင်း​သော​ခ​ဏ​ချင်း​တွင်၊ မြစ်​ညာ​ရေ​သည် ပြတ်၍ ပုံ့​ပုံ့​ကြွ​လျက်​နေ​လိမ့်​မည်​ဟု ဆို​လေ၏။


ယော်​ဒန်​မြစ်​နား​သို့​ရောက်၍ ခြေ​ဖ​ဝါး​တို့​သည် လျှံ​သော​ရေ​ကို​နင်း​သော​အ​ခါ၊ စ​ပါး​ရိတ်​ရာ​ကာ​လ၌ ထို​မြစ်​ရေ​သည် ကမ်း​တစ်​လျှောက်​လုံး​ကို လျှံ​လေ့​ရှိ​သော်​လည်း၊


လူ​များ​အ​ပေါင်း​တို့​သည် အ​ကုန်​အ​စင်​ကူး​ကြ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​တို့​သည် လူ​များ​မျက်​မှောက်​တွင်​ကူး​ကြ၏။


ယော်​ဒန်​မြစ်​ထဲ​က တက်​လာ​ကြ​လော့​ဟု ယဇ်​ပု​ရော​ဟိတ်​တို့​အား ယော​ရှု​သည် ဆင့်​ဆို​လေ၏။


ပ​ထ​မ​လ၊ ဒ​သ​မ​နေ့​ရက်​တွင်၊ လူ​များ​တို့​သည် ယော်​ဒန်​မြစ်​ထဲ​က တက်​လာ၍၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့​ဘက်​နား​မှာ၊ ဂိ​လ​ဂါ​လ​အ​ရပ်၌ တပ်​ချ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ