ယောရှု 4:14 - Judson Bible in Zawgyi Version14 ထိုနေ့၌ ထာဝရဘုရားသည် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ ယောရှုကိုချီးမြှင့်တော်မူ၍၊ သူတို့သည် မောရှေကိုကြောက်ရွံ့သကဲ့သို့ ယောရှုကိုလည်း သူ၏အသက်တည်သည်ကာလပတ်လုံး ကြောက်ရွံ့ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်14 ထိုနေ့တွင် ထာဝရဘုရားသည် ယောရှုကို အစ္စရေးအပေါင်းတို့၏ရှေ့၌ ချီးမြှောက်တော်မူ၏။ သူတို့သည် မောရှေကိုကြောက်ရွံ့ရိုသေသကဲ့သို့ ယောရှုအသက်ရှင်သမျှကာလပတ်လုံး သူ့ကိုကြောက်ရွံ့ရိုသေကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version14 ထိုနေ့၌ထာဝရဘုရားပြုတော်မူသော အမှုကြောင့် ဣသရေလအမျိုးသားတို့သည် ယောရှုအားခေါင်းဆောင်ကြီးအဖြစ်ရိုသေ လေးစားကြ၏။ သူတို့သည်မောရှေကိုရိုသေ လေးစားသည့်နည်းတူယောရှုကိုလည်း သူ အသက်ရှင်သမျှကာလပတ်လုံးရိုသေ လေးစားကြ၏။ အခန်းကိုကြည့်ပါ။ |
မင်းသည်ကား၊ သင်၏အကျိုးအလိုငှာ ဘုရားသခင်၏ အစေခံဖြစ်၏။ မကောင်းသောအကျင့်ကို ကျင့်လျှင်၊ ကြောက်ခြင်း ရှိစေလော့။ အကြောင်းမူကား၊ မင်းသည်အချည်းနှီး ဓားကိုဆောင်သည်မဟုတ်။ မကောင်းသောအကျင့်ကို ကျင့်သောသူတို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးပိုင်သော သူတည်းဟူသော ဘုရားသခင်၏ အစေခံဖြစ်သတည်း။-