ယောရှု 4:10 - Judson Bible in Zawgyi Version10 ယောရှုသည် မောရှေမှာထားသည်အတိုင်း၊ လူများတို့အားဆင့်ဆိုစေခြင်းငှာ ထာဝရဘုရား မိန့်တော်မူသမျှတို့ကို အကုန်အစင်ပြုသည်တိုင်အောင် သေတ္တာတော်ကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန်မြစ်အလယ်၌ ရပ်နေကြ၏။ လူများတို့သည်လည်း ကြိုးစား၍ကူးကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်10 ယောရှုအား မောရှေမိန့်မှာခဲ့သည်နှင့်အညီ၊ ထာဝရဘုရားက ယောရှုအား လူတို့ကိုဆင့်ဆိုစေသည့်အတိုင်း လုပ်ဆောင်ပြီးသည်အထိ သေတ္တာတော်ကိုထမ်းရသောယဇ်ပုရောဟိတ်တို့သည် ဂျော်ဒန်မြစ်အလယ်၌ ရပ်နေကြ၏။ လူတို့သည်လည်း အလျင်အမြန်ကူးသွားကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version10 ယောရှုမှတစ်ဆင့်ထာဝရဘုရားမိန့်မှာ သမျှကို လူအပေါင်းတို့ဆောင်ရွက်ပြီးစီး သည်အထိ ယဇ်ပုရောဟိတ်တို့သည်ယော်ဒန် မြစ်လယ်တွင်ရပ်နေကြ၏။ ဤသို့ဆောင် ရွက်ရန်မောရှေမှာကြားခဲ့ခြင်းဖြစ်၏။ လူတို့သည်လည်းမြစ်ကိုအလျင်အမြန် ဖြတ်ကူးကြ၏။- အခန်းကိုကြည့်ပါ။ |