Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 3:6 - Judson Bible in Zawgyi Version

6 တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ခေါ်၍ သင်​တို့​သည် ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ထမ်း​လျက်၊ လူ​များ​ရှေ့​သို့ ကူး​သွား​ကြ​လော့​ဟု ယော​ရှု​ဆို​သည်​အ​တိုင်း သူ​တို့​သည် ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း၍ လူ​များ​ရှေ့​သို့​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 တစ်ဖန် ယောရှု​က ယဇ်ပုရောဟိတ်​တို့​အား “​ပဋိညာဉ်​သေတ္တာ​တော်​ကို​ထမ်း​၍ လူ​တို့​ရှေ့​မှ​ကူးသွား​ကြ​လော့​”​ဟု ဆို​သဖြင့် သူ​တို့​သည် ပဋိညာဉ်​သေတ္တာ​တော်​ကို​ထမ်း​၍ လူ​တို့​ရှေ့​မှ​ကူးသွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ထို​နောက်​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​၍ လူ​ထု ရှေ့​က​ချီ​တက်​ရန်​စေ​ခိုင်း​သည့်​အ​တိုင်း​သူ တို့​သည်​ချီ​တက်​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 3:6
11 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​တွင် အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည် လာ၍၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို ထမ်း​လျက်၊


ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည်​လာ၍ လေ​ဝိ​သား​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို​ထမ်း​လျက်၊


အ​နိုင်​အ​ထက် ဖွင့်​သော​သူ​သည် သူ​တို့​ရှေ့​မှာ​သွား၏။ သူ​တို့​သည်​လည်း အ​နိုင်​အ​ထက်​ဖွင့်၍ တံ​ခါး​ဝ​ဖြင့် လျှောက်​သွား​ကြ၏။ သူ​တို့ ရှင်​ဘု​ရင်​သည် သူ​တို့​ရှေ့​မှာ​သွား၍ ထာ​ဝ​ရ​ဘု​ရား​သည် လမ်း​ပြ​တော်​မူ၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ တောင်​တော်​မှ​ထွက်၍၊ သုံး​ရက်​ကွာ​သော​ခ​ရီး​ကို သွား​ကြ၏။ ထို​သုံး​ရက်​ကွာ​သော​ခ​ရီး​ကို သွား​ကြ​စဉ်၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​သည် သူ​တို့​အ​ဖို့ စ​ခန်း​ချ​ရာ​အ​ရပ်​ကို​ရှာ၍ သူ​တို့​ရှေ့​က​သွား​လေ၏။


ယ​ခု​မှာ၊ ဤ​လူ​မျိုး​ကို လူ​တစ်​ယောက်​ကဲ့​သို့​မှတ်၍ သုတ်​သင်​ပယ်​ရှင်း​တော်​မူ​လျှင်၊ သ​တင်း​တော်​ကို​ကြား​ဖူး​သော လူ​အ​မျိုး​မျိုး​တို့​က၊


မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သော ယေ​ရှု​သည်၊ ငါ​တို့​အ​တွက်၊ ထို​အ​တွင်း​အ​ရပ်​ထဲ​သို့ ရှေ့​ဆောင်၍​ဝင်​သော​သူ ဖြစ်​တော်​မူ၏။


သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​လည်း​ကောင်း၊ သေ​တ္တာ​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း​မြင်​လျှင်၊ သင်​တို့​သည် နေ​ရာ​ပြောင်း၍ လိုက်​ရ​ကြ​မည်။


ယော​ရှု​က​လည်း၊ သင်​တို့​သည် ကိုယ်​ကို​ကိုယ် သန့်​ရှင်း​စေ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ နက်​ဖြန်​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် အံ့​ဖွယ်​သော​အ​မှု​တို့​ကို သင်​တို့​တွင်​ပြု​တော်​မူ​မည်​ဟု လူ​များ​တို့​အား မှာ​ထား​လေ၏။


ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ယော​ရှု​ကို​ခေါ်၍ ငါ​သည် မော​ရှေ​နှင့်​အ​တူ​ရှိ​သ​ကဲ့​သို့ သင်​နှင့်​အ​တူ​ရှိ​သည်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိ​ကြ​မည်​အ​ကြောင်း၊ သူ​တို့​မျက်​မှောက်၌ သင့်​ကို ယ​နေ့​ငါ​ချီး​မြှင့်​စ​ပြု​မည်။


နုန်၏​သား​ယော​ရှု​သည် ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ခေါ်၍၊ သင်​တို့​သည် ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သွား​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ ခု​နစ်​ယောက်​တို့​သည် ယု​ဘိ​လ​တံ​ပိုး​ခု​နစ်​လုံး​ကို ဆောင်​သွား​ကြ​လော့​ဟူ၍​လည်း​ကောင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ