ယောရှု 3:17 - Judson Bible in Zawgyi Version17 လူများအပေါင်းတို့သည် ယော်ဒန်မြစ်တစ်ဖက်သို့ မရောက်မီတိုင်အောင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ မြစ်အလယ်တွင် မြေပေါ်၌မြဲမြံစွာနင်း၍၊ ဣသရေလအမျိုးသားအပေါင်းတို့သည် မြေပေါ်၌လျှောက်သွားရကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်17 လူအားလုံးဂျော်ဒန်မြစ်ကိုဖြတ်ကူးပြီးသည်အထိ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထမ်းရသောယဇ်ပုရောဟိတ်တို့သည် ဂျော်ဒန်မြစ်အလယ်၊ ခြောက်သွေ့သောမြေပေါ်၌ မြဲမြံစွာရပ်နေကြ၏။ အစ္စရေးလူမျိုးအပေါင်းတို့သည် ခြောက်သွေ့သောမြေပေါ်၌ ကူးသွားရကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version17 လူအပေါင်းတို့လျှောက်၍ဖြတ်ကူးပြီးသည် တိုင်အောင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်သော ယဇ်ပုရောဟိတ်များ သည်ခြောက်သွေ့သောမြစ်လယ်တွင်ရပ်နေ ကြ၏။ အခန်းကိုကြည့်ပါ။ |
သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီးတစ်ပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊ ထာဝရဘုရားအမိန့်တော်ရှိ၏။
ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ ကူးစေခြင်းငှာ၊ ယော်ဒန်မြစ်ရေကို ခန်းခြောက်စေတော်မူသည်အကြောင်းကို၊ ယော်ဒန်မြစ် အနောက်ဘက်၌နေသော အာမောရိမင်းကြီးအပေါင်း၊ ပင်လယ်နားမှာနေသော ခါနနိမင်းကြီးအပေါင်းတို့သည် ကြားသိသောအခါ၊ ရဲရင့်ခြင်းသတ္တိအလျှင်းမကြွင်း၊ ဣသရေလအမျိုးသားတို့ကြောင့် စိတ်ပျက်ကြ၏။