Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 3:13 - Judson Bible in Zawgyi Version

13 မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ရ​တော်​မူ​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​ခြေ​ဖ​ဝါး​တို့​သည်၊ ယော်​ဒန်​မြစ်​ရေ​ကို​နင်း​သော​ခ​ဏ​ချင်း​တွင်၊ မြစ်​ညာ​ရေ​သည် ပြတ်၍ ပုံ့​ပုံ့​ကြွ​လျက်​နေ​လိမ့်​မည်​ဟု ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 မြေ​တစ်ပြင်လုံး​ကို​အစိုးရ​သော​အရှင် ထာဝရဘုရား​၏​သေတ္တာ​တော်​ကို​ထမ်း​ရ​သော ယဇ်ပုရောဟိတ်​တို့​သည် ဂျော်ဒန်​မြစ်ရေ​၌ ခြေချ​လိုက်​သည်​နှင့် အထက်​မှ​စီးဆင်း​လာ​သော​ရေ​သည် ရပ်သွား​၍ တစ်ဖက်တည်း​၌​စုပုံ​လျက် တန့်​နေ​လိမ့်မည်​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​ကို​အ​စိုး​ရ​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ် များ​သည် မြစ်​ရေ​ကို​နင်း​မိ​သည်​နှင့်​တစ်​ပြိုင် နက်​မြစ်​ညာ​မှ​စီး​ဆင်း​လာ​သော​ရေ​သည် ရပ်​တန့်​၍​တစ်​နေ​ရာ​တည်း​တွင်​ပင်​စု​ပုံ လျက်​ရှိ​လိမ့်​မည်'' ဟု​ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 3:13
13 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်၊ အောင်​မြင်​ခြင်း​အ​ခွင့်၊ အာ​ဏာ​တော်​နှင့် ပြည့်​စုံ​တော်​မူ၏။ ကောင်း​ကင်​မြေ​ကြီး၌ ရှိ​ရှိ​သ​မျှ​ကို ပိုင်​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​စိုး​ရ​တော်​မူ၏။ ခပ်​သိမ်း​သော​သူ​တို့၏ အ​ထွဋ်၊ မြင့်​မြတ်​တော်​မူ၏။


သ​မု​ဒ္ဒ​ရာ​ရေ​ကို စု​ပုံ​စု​ဝေး​စေ​တော်​မူ၏။ နက်​နဲ​သော​သ​မု​ဒ္ဒ​ရာ​ကို​လည်း လုံ​ခြုံ​ရာ​အ​ရပ်​တို့၌ သို​ထား​တော်​မူ၏။


စမ်း​ရေ​နှင့် ချောင်း​ရေ​ကို ပေါက်​စေ​တော်​မူ​ပြီ။ ရေ​မ​ပြတ်​သော​မြစ်​တို့​ကို​လည်း ခန်း​ခြောက်​စေ​တော်​မူ​ပြီ။


ပင်​လယ်​ကို​ခွဲ၍ သူ​တို့​ကို လျှောက်​သွား​စေ​တော်​မူ၏။ ရေ​များ​ကို​စု​ပုံ၍ ထား​တော်​မူ၏။


နှာ​ခေါင်း​တော်​လေ​အား​ဖြင့် ရေ​သည်​စု​ဝေး၍၊ စီး​သော​ရေ​သည်​ပုံ့​ပုံ့​ကြွ၍၊ ပင်​လယ်၏​အ​ထဲ၌​ပင် နက်​သော​ရေ​သည်​တောင့်​မာ​လျက်​နေ​ရ၏။


အ​ကြောင်း​မူ​ကား၊ သင့်​ကို ဖန်​ဆင်း​သော​သူ​သည် သင်၏​လင် ဖြစ်​တော်​မူ၏။ နာ​မ​တော်​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း။ သင့်​ကို​ရွေး​နုတ်​သော​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ သန့်​ရှင်း​သော​ဘု​ရား ဖြစ်​တော်​မူ၏။ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ရ​သော​ဘု​ရား​ဟူ၍ ခေါ်​ရ​ကြ၏။


ကိုယ်​တော်​သည် မြင်း​တော်​များ​ကို စီး၍၊ ရေ​ဟုန်း​ဟုန်း​မြည်​သော ပင်​လယ်​အ​လယ်​သို့ ချီ​သွား​တော်​မူ၏။


ကောင်း​ကင်​တ​မန်​က​လည်း၊ ထို​အ​ကိုင်း​တို့​သည် မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ပိုင်​တော်​မူ​သော အ​ရှင်၏ ရှေ့​တော်၌​ရပ်​နေ​သော ဘိ​သိက်​ခံ​သူ​နှစ်​ပါး ဖြစ်​သည်​ဟု ဆို၏။


မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ရ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​သည် သင်​တို့​ရှေ့​မှာ၊ ယော်​ဒန်​မြစ်​ထဲ​သို့​ကူး​သွား​လိမ့်​မည်။


သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် ယော်​ဒန်​မြစ်​ကို​ကူး​သော​အ​ခါ၊ သေ​တ္တာ​တော်​ရှေ့​မှာ မြစ်​ရေ​ပြတ်​လေ​သည်​ဟု ပြန်​ပြော​ရ​ကြ​မည်။ ထို​သို့ ဤ​ကျောက်​တို့​သည် အ​စဉ်​မ​ပြတ် ဣ​သ​ရေ​လ​အ​မျိုး​သား​အောက်​မေ့​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်​ဟု ယော​ရှု​မှာ​ထား​သည်​အ​တိုင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ